Wednesday, 11 January 2017 20:11

နမ့်ဆန်မြို့နှင့် ကျောက် မဲ မြို့ နယ် အ တွင်း ရှိ မိုင်း ငေါ့ တပ် စ ခန်း တို့ အား TNLA အကြမ်းဖက် သောင်းကျန်း သူများက အကြိမ်ကြိမ် လာရောက် နှောင့်ယှက်ပစ်ခတ်

Written by 
Rate this item
(0 votes)

နေပြည်တော်၊ ဇန်န၀ါရီ ၁၁

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့အနီးနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်း က နယ်မြေလုံခြုံရေးကို ပုံမှန်ဆောင်ရွက်လျက်ရှိစဉ် ဇန်န၀ါရီ ၁၀ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၃၀၀ ခန့်အကွာသို့အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူအင်အား ၂၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ရန်သူများ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာသွားသည့် ရန်သူ့နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းစဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့အ၀င်ရှိ မန်ခိုက်နတ်စင်ကုန်းတစ်ဝိုက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ များက ခေတ္တခြေကုပ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်သူ့ပစ်ခတ်မှုရပ်တန့်သွားခဲ့သည်။

ထို့ပြင် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက်သောင်းကျန်းသူများက နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက် အနီးရှိ တာဝါတိုင်ကုန်းနေရာနှင့် ပတ္တမြားစေတီနေရာတို့မှ နမ့်ဆန်မြို့အတွင်းနှင့် တပ်မတော် လက်ဖက်ခြောက် စက်ရုံနေရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် ရန်သူ့နှောင့်ယှက် ပစ်ခတ်မှု ခေတ္တ ရပ်တန့် သွားခဲ့သည်။

၎င်းအပြင်ရန်သူအနေဖြင့် ည ၈ နာရီခွဲမှစတင်၍ ၁၀ မိနစ်ခန့်လျှင်တစ်ကြိမ် နမ့်ဆန်မြို့ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ နှောင့်ယှက်ပစ်ခတ်လျက်ရှိ သဖြင့် တပ်မတော် စစ်ကြောင်းက နမ့်ဆန်မြို့ လုံခြုံရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူများ၏ ပစ်ခတ်မှုများကြောင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက်၌ လူနေအိမ် ၅ လုံး၊ ရိပ်သာ ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ကွန်ပျူ တာ ၁ စုံ၊ ဇယန်းကြီးရပ်ကွက်၌ လက်ဖက်ခြောက်စက်ရုံ ၁ ရုံ၊ လူနေအိမ် ၁ လုံးနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးရေး လူငယ်သင်တန်းကျောင်း ၁ ကျောင်းတို့ ဗုံးသီးအစများ ထိမှန်၍ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ ကြောင်း သိရှိရသည်။

ထို့အတူ ၎င်းနေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့တပ်စခန်းအား TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၅၀ ဦးခန့်က ၆၀ မမစိန်ပြောင်း၊ RPG ၊ စက်လတ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် စခန်းရှိ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် ရန်သူလာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့ သည့်နေရာများ၊ ခေတ္တအခြေပြုလျက်ရှိသည့် နေရာ များနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တို့အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

 

Read 59 times Last modified on Wednesday, 11 January 2017 20:15