နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၃)သို့တက်ရောက်အမှာစကားပြောကြား ပြည်သူလူထုအကျိုးကိုလက်တွေ့ကျကျထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလို

နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၃)သို့တက်ရောက်အမှာစကားပြောကြား ပြည်သူလူထုအကျိုးကိုလက်တွေ့ကျကျထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလို

နေပြည်တော်၊ စက်တင်ဘာ - ၂၉

        ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃)ကို ယနေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်သည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် စနစ်တကျစီမံခန့်ခွဲပေးရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း အစိုးရအဖွဲ လုပ်ငန်းများအောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင်မှုများ၊ တိုးတက်မှုများ အများအပြားရှိသကဲ့သို့ အချို့သောကိစ္စများ၌ အားနည်း ချက်များရှိခဲ့သည်ကိုလည်းတွေ့ရှိရကြောင်း၊ အောင်မြင်မှုဆိုသည်မှာ လုပ်ဆောင်နိုင် စွမ်းအားအပေါ်တွင်သာ မူတည်သည်ဟု မြင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပိုင်ဆိုင်ထား ရှိပြီးဖြစ်သည့် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝအရင်းအမြစ်များ၊ လူသား အရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲပြီး အကျိုးရှိစွာအသုံးချနိုင်မည်ဆိုပါက အမှန် တကယ် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း။

ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံ (LDC) နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကူညီ ထောက်ပံ့မှုများရရှိမည့် အခွင့်အရေးများ ရှိသော်လည်း နိုင်ငံရေးအကြောင်းပြချက် များဖြင့် ထောက်ပံ့ကူညီမှုများ ဖြတ်တောက်ခံရသည့် အခြေအနေ၌ ကိုယ့်အားကိုယ် ကိုး ရပ်တည်၍ အောင်မြင်မှုရှိအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ထောက်ပံ့ကူညီမှုကိုသာ ရရှိခဲ့ပြီး ၎င်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် မိမိတို့ခြေထောက်ပေါ်တွင်ရပ်တည်နိုင်ရေး အဓိကကြိုးစား အားထုတ်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုစွမ်းအားများကို မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန်စယူကာစ အစောပိုင်း ကာလများတွင် တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်ရသည်ဖြစ်၍ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးပေးဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်းနောက်ပိုင်း တွင် စီးပွားရေးကို ဖိဖိစီးစီးဖြင့် အားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ အဓိကလိုအပ်သည်မှာ အမှန်တကယ် အလုပ်လုပ်ရန်နှင့် အလုပ်လုပ်နိုင်သည့် အခွင့် အလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်လုပ်ရန် မည်သို့ပင်တိုက်တွန်းနေစေကာမူ အလုပ်လုပ်နိုင်ရန် ဖန်တီးပေးမှု၊ အားပေးကူညီပေးမှုမရှိပါက စွမ်းအားပြည့် အလုပ်လုပ်နိုင်မည်မဟုတ်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများနှင့် အားပေးကူညီမှုများကို ဖော်ဆောင်ပေးနိုင်မှသာလျင် အလုပ်ကို အင်ပြည့်အားပြည့် လုပ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် စီမံခန့်ခွဲသည့်သူများက စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။

ယုံကြည်မှုပေးထားသည့်အတိုင်း အမှန်တကယ် အလုပ်လုပ်ကြရန်နှင့် မှန်ကန်စွာစီမံခန့်ခွဲပေးနိုင်ရမည်

လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသ ကြီးအလိုက် ဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာ ဝန်ရှိသူများကို တာဝန်များခွဲဝေခန့်အပ်ခဲ့ရာတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်ကတည်းကပင် ဝန်ကြီးဌာနအလိုက်၊ လုပ်ငန်းခွင် အလိုက် အတွေ့အကြုံရှိသူများ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည့်သူများကို စိစစ်ရွေးခြယ်၍ ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်၊ အကောင်အထည်ဖော်နိုင်မည် ဆိုသည့် ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့နှောင့်ယှက်မှုမျိုးစုံကြားမှ တာဝန်များထမ်းဆောင်ရာတွင် ကာလတိုအတွင်း အောင်မြင်မှုများ၊ တိုးတက်မှုများ ရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ယုံကြည်မှုကို မြှင့်တင်ပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုရှိအောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ချမှတ်ထားရှိပြီး စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်အနေဖြင့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို ချမှတ်ဆောင်ရွက်ထားရှိပြီး တိုင်းပြည် အတွင်းရှိ ပြည်သူ ပြည်သားအားလုံး မပူမပင်မကြောင့်မကျဖြင့် အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ကြောင်း၊ ၎င်းအချက် ၂ ချက်သည် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည့် နို်ငငံတော်၏ မျှော်မှန်းချက်ဖြစ်ကြောင်း၊ မျှော်မှန်းချက် များကို ဖြည့်ဆည်းနိုင်ရေး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နောက်ဆုံးရည်မှန်းချက်သည် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သည် မူလအခြေ အနေထက် ပိုမိုတိုးတက်လာရမည်ဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကောင်းမွန်သည့်သမိုင်းတစ်ခုကို ချန်ထားခဲ့နိုင်ရမည်ဖြစ်ကြောင်း၊ လက်တွေ့အကောင် အထည်ဖော်နိုင်ရေး ဦးတည်ချက် (၉)ရပ်ကို ချမှတ်ထားရှိကြောင်း၊ ၎င်းအချက်များကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် တာဝန်ရှိသူများက မျက်ခြည်မပြတ် ထိန်းသိမ်း အကောင် အထည် ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၎င်း အချက်များကို ကြီးကြပ်ပေးရမည့်တာဝန်ရှိသည်ဖြစ်သည့်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရံပုံငွေမှ ရင်းနှီးမတည်ငွေများထုတ်ပေးခြင်း၊ ချေးငွေ ပြန်လည်ပေးဆပ် ရမည့်ကာလကို တိုးမြှင့်ပေးခြင်း၊ ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများ တိုးမြှင့်ပေးခြင်း တို့ကိုဆောင်ရွက်၍ လုပ်ငန်းဆောင်ရွက်ရာတွင် ခွန်အားပိုမိုရရှိအောင် စီမံခန့်ခွဲ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များအနေဖြင့် အလုပ်လုပ်နိုင်ရန်၊ လုပ်ငန်းအောင်မြင်မှုရှိစေရန် စီမံခန့်ခွဲပေးရန်၊ ကူညီပေးရန်တာဝန်ရှိကြောင်း။

လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်မှုရှိ၊ မရှိ စိစစ်ရန်နှင့် တိုးတက်မှုရှိအောင်ဆောင်ရွက်ရန်မှာ ဝန်ကြီးဌာနများအလိုက် ခန့်အပ် တာဝန်ပေးအပ်ထားသည့် ညွှန်ကြားရေးမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များ က လုပ်ဆောင်ရန်တာဝန်ရှိကြောင်း၊ အစိုးရဌာနအကြီးအကဲများ၏ တာဝန်သည်အရေးကြီးပြီး ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်မှုကို မျက်ခြည်မပြတ်ကြည့်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများသည် ပြည်ထောင်စုဝန်ကြီးများကို အာမခံချက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ် လုပ်နိုင်သည့်သူများကို တာဝန်ပေးအပ်ရန်နှင့် အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ဝန်ထမ်းများနှင့် ဆွေးနွေးပွဲများပြုလုပ်၍ နိုင်ငံတော်၏ မူဝါဒများကိုချပြရှင်းလင်းဆောင်ရွက်ပေးသွား မည်ဆိုပါက မိမိတို့အစိုးရ၏ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ထဲထဲဝင်ဝင် နားလည် သဘောပေါက်လာပြီး အလုပ်လုပ်နိုင်သည့် စွမ်းရည်များ တိုးတက်လာမည်ဖြစ် ကြောင်း။

        မိမိတို့အနေဖြင့် လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ပြုလုပ်မည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုအတွေ့အကြုံအပေါ်မူတည်၍ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုအား ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၎င်း အပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများရရှိလာပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့စီမံ ဆောင်ရွက်နေမှုများကို ဝန်ကြီးဌာနများအလိုက်ရှင်းလင်း ပြောကြားသွားရန်လို ကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်

ယခုအခါ မိုးစပါးနှင့် မိုးသီးနှံများစိုက်ပျိုးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးခဲ့သည့် စပါး အပါအဝင်အခြား မိုးသီးနှံများအားလုံး ဖြစ်ထွန်းရှင်သန်အောင်ဆောင်ရွက်ရန်နှင့် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစွာထွက်ရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများကိုလည်းအောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များကို MSME လုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ် နိုင်ရေး အဓိကထားဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ကျေးလက်နေလူဦးရေ ၇၂ ရာခိုင်နှုန်းအနက် ၄၅ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေးကို တိုက်ရိုက်ဆောင်ရွက်နေကြ သူများဖြစ်ကြကြောင်း၊ အခြားကျေးလက်နေပြည်သူများမှာ စိုက်ပျိုးရေးကိုအခြေခံ သည့် အခြားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသဖြင့် မိမိတို့နိုင်ငံသား အများစု မှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်နေသူများဖြစ်ကြကြောင်း၊ ကမ္ဘာ ပေါ်တွင် Food Security အတွက်လိုအပ်ချက်များရှိကြောင်း၊ အဆိုပါ စားနပ်ရိက္ခာ လိုအပ်ချက်ကို စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံများကသာ ဖြည့်ဆည်းပေး နိုင်သဖြင့် စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အချို့နိုင်ငံများ၏ သီးထပ် စွမ်းအားမှာ ၃၀၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း မိမိတို့နိုင်ငံ၏ သီးထပ်စွမ်းအားမှာ ၁၅၀ ရာခိုင်နှုန်းကျော်ခန့်သာရှိကြောင်း၊ ထို့ကြောင့် သီးထပ်စွမ်းအားများ တိုးတက်စေရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။

        မွေးမြူရေးနှင့်ပတ်သက်၍ လူများ၏ နေ့စဉ်စားသောက်မှုများတွင် အသီးအနှံ များအပြင် အသား၊ ငါးနှင့် ဥများ ပါဝင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့် ငါး စသည့်အသားငါးများကို အဓိကထားစားသုံးကြပြီး နိုင်ငံတစ်ဝန်း၌လည်း မွေးမြူ၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် မွေးမြူရေးနှင့်ပတ်သက်၍ စနစ်တကျမွေးမြူခြင်း မရှိသောကြောင့် လိုအပ်ချက်များရှိနေကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူမည်ဆိုပါက ပြည်တွင်း၌ အသား၊ ငါးနှင့် ဥများကို ဖူလုံစွာဖြင့် စားသုံးနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင် ရွက်ကြစေရေး တာဝန်ရှိသူများအနေဖြင့်ကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း။

ကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေနိုင်

        မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ဖြင့်ဆောင်ရွက်နေသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ သို့သော် ဝန်ကြီးဌာနများ၌ စက်ရုံများရှိပြီး ထုတ်လုပ်နိုင်စွမ်းများရှိ ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံများ ပြန်လည် လည်ပတ်၍ ကုန်ထုတ်လုပ်မှုများဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စက်ရုံများ အတွက်လိုအပ်သည့် ပြင်ဆင်မှုများနှင့် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်သွားရန် လိုကြောင်း၊ စက်ရုံများလည်ပတ်နေခြင်းဖြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းများကလည်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံအတွက်လိုအပ်သည့် ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိကလုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက် ပေးနေရန်လိုကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံတော်အနေ ဖြင့်  MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ် သည့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေသည့် စက်ရုံအလုပ်ရုံများ စွမ်းအားပြည်လည်ပတ်နိုင်မည်ဆိုပါက တိုင်းပြည်အတွက် အကျိုး များစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့မှသာ နိုင်ငံ့ စီးပွားတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်  မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ၏ အလုပ်လုပ်နိုင်စွမ်းမြှင့်တင်နိုင် ရေး အမြဲအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုများ၌ ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက် ပေးလျက်ရှိပြီး ထောက်ပံ့မှုများ၊ သက်သာချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့် ပေးခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း ကုန်ဈေးနှုန်းများ ကျဆင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံ့၍ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပိုမိုပေးအပ်နိုင်ရေးစဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံသားများ မှ ပြန်လည်ပေးပို့သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ငွေကြေးလည်ပတ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် ပိုမိုအကျိုးခံစားခွင့် (Incentive)များ ရရှိရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။

ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ်သက်၍ မလိုလားအပ်သည့်နေရာများတွင် အပိုငွေ များကုန်ကျမှုမရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုများကို အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအလိုက်လုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိစေရေး အပြန်ပြန်အလှန်လှန် စိစစ်၍ ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့်သက်သေပြကြရန် တိုက်တွန်း လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။