ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်း (Maritime Security Exercise) ဆောင်ရွက်စဉ် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာခြင်း

      ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်း (Maritime Security Exercise) ဆောင်ရွက်စဉ် ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာခြင်း

၁။           ရေကြောင်းလုံခြုံရေးပင်လယ်ပြင်လေ့ကျင့်ခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်ထိကာလအတွင်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing)  ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀၊ Point C  မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၀ မိနစ်စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့်ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာ ထားရှိပြီးဖြစ်ပါသည်။

၂။         သို့ဖြစ်ပါ၍  လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် အဆိုပါဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊  ကုန်တင်/ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊  ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း  မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များအမြင့်ပေ ၁၅၀၀၀(တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန်အသိပေးကြေညာအပ်ပါသည်။