တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

 
နေပြည်တော်၊ မေ - ၂၀

 
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဇေတဝန်ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်နှင့် ဓမ္မသုခတောရကျောင်းတိုက်၊ မွန်ပြည် နယ်၊ သထုံမြို့ရှိ ဒေါင်းရွာသရဂ္ဂါရာမ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ စမ်းရေဖျားတောရကျောင်းတိုက်၊ သန်လျင် မြို့နယ်၊ လက်ယက်စမ်းကျေးရွာရှိ စန်းသီတာသီလရှင်ပညာရေးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘိုးဦးကျွန်းတောရကျောင်းတိုက်၊ အသောကာရာမကျောင်း တိုက်၊ ကန်ကြီးထောင့်မြို့၊ မဟာသီရိမင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ အောင်မြေရတနာဘုန်းတော်ကြီးကျောင်း၊ အမ်းမြို့၊ အောက်ရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်ကုတ်မြို့၊ မဟာသန္တိသုခဘုန်းတော်ကြီးကျောင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ သာသနာ့မဉ္ဇူဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်ပေးသည်။
ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ သီတဂူစက္ခုဒါနဆေးရုံတော်၌ သီတင်းသုံးနေသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အား အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ခန္တီးတပ်နယ်မှ တာဝန်ရှိသူများ၊ နာဂရိုးရာယဉ်ကျေးမှု(ဗဟို)အဖွဲ့ ဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင်များက သွားရောက်ဖူးမြော်ပြီး လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။