နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

 
နေပြည်တော် မတ် - ၃၀

 
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၏ တင်ပြချက်

 
အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်၏ စိုက်ပျိုးမြေများအသုံးချမှု၊ အဓိက သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်ထွက်ရှိမှု၊ အထွက်နှုန်းတိုးတက်ရေးအတွက် စိုက် နည်းစနစ်ပြုပြင်ပြောင်းလဲရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးရေပေး ဝေနိုင် မှု၊ ပြည်တွင်းဆီစားသုံးမှု၊ပြည်တွင်းစားသုံးဆီဖူလုံရေးတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်ရေး အထူးဇုန်များ ဖော်ထုတ် ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၏ တင်ပြချက်

 
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် သန်းဦးက နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု၊ ၂၀၂၃ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်၊ အပူစွမ်းအင်သုံးနှင့် ဆိုလာလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ နယ်စပ် ဖြတ်ကျော် Interconnection စီမံကိန်းများ ဆောင်ရွက်နေမှုနှင့် လက်ရှိတိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ တင်ပြချက်

 
ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်ပမှ စက်သုံးဆီတင်သွင်းမှုနှင့် ဈေးနှုန်း မှန်ကန် တည်ငြိမ်ရေး ဆောင်ရွက်နေမှု၊ ကဏ္ဍအလိုက် စက်သုံးဆီ သုံးစွဲနေမှု၊ ပြည်တွင်း ထုတ်လုပ်နိုင်မှု၊ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် သုံးစွဲနိုင်ရေးအတွက် အလှည့် ကျစနစ်ဖြင့် ရောင်းချပေးနေမှု၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျှော့ချနိုင်ရေး ဆောင် ရွက်နေမှု၊ စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်းရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 
ကျန်းမာရေးဝန်ကြီး၏ တင်ပြချက်

 
ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိမှုနှင့် ထိုးနှံပေးနိုင်မှု၊ တတိယ လှိုင်းနှင့် စတုတ္ထလှိုင်းတို့တွင် ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လက်ရှိအချိန် အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီတွင် ၁၂နှစ်အောက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေမှု၊ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် တွေ့ကြုံရသည့် အခက်အခဲများ၊ နိုင်ငံတော်၏ လူမှုစီးပွားရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

 
စားသုံးဆီနှင့် စက်သုံးဆီဖူလုံရေး

 
ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စားသုံးဆီနှင့်စက်သုံးဆီဖူလုံရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဆီနှစ်ဆီဖူလုံရေးအတွက် ယခင်ကတည်းက ပြောကြားခဲ့ကြောင်း၊ စားဆီနှင့် ပတ်သက်၍ တစ်ဦးချင်းဆီစားသုံးမှုနှုန်းလျှော့ချရေး ဦးတည်ပြောကြားခဲ့ကြောင်း၊ ကျန်းမာရေးအတွက် တစ်ရက်လျှင် လူတစ်ဦးချင်းဆီစားသုံးရန် လိုအပ်မှုမှာ ၂ ဒသမ ၂၅ ကျပ်သားအထိသာဖြစ်ကြောင်း၊ ယင်းနှုန်းဖြင့် တစ်နိုင်ငံလုံးအတွက်ဆီလိုအပ် ချက်ကို ခန့်မှန်းတွက်ချက်ခဲ့ရာ မိမိတို့နိုင်ငံ၏ ဆီထွက်ရှိမှုနှင့် လုံလောက်မှုမရှိကြောင်း၊ မိမိတို့နိုင်ငံရှိတစ်ဦးချင်းဆီစားသုံးမှုသည် မြင့်မားလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ဆီစားသုံးမှုကို လျှော့ချရန် လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း စားသုံးဆီ ထုတ်လုပ်မှုတိုးတက်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဝန်ကြီးချုပ်များက နည်းလမ်းရှာဖွေဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်စိုက်ပျိုးမြေ အလုံ အလောက်ရှိပြီး အဆိုပါစိုက်ပျိုးမြေများကို အပြည့်အဝ အသုံးချစိုက်ပျိုးရန်လို ကြောင်း၊ စိုက်ဧကများအားလုံးတွင် သီးထပ်စိုက်ပျိုးရေးများဖြင့် စိုက်ပျိုးမည်ဆိုပါက အထွက်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ သီးထပ်စိုက်ပျိုးမည်ဆိုပါက နွေရာသီကာလတွင် စိုက်ပျိုးရေးအတွက် ရေရရှိရေး နည်းပညာအသုံးပြု၍ ရေတင် စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ ဆီအုန်းများစိုက်ပျိုးမှုကို စစ်ဆေးခဲ့ရာ အချို့စိုက်ပျိုးရေး မြေနေရာများတွင် အမှန် တကယ်စိုက်ပျိုးထားမှု မရှိသည်ကိုတွေ့ရှိရသဖြင့် စီမံခန့်ခွဲမှုများတွင် လိုအပ်ချက် များရှိသည်ကို တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက စနစ်တကျ ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း။

လက်တွေ့ပြနိုင်ဖို့လို

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စိုက်ပျိုးရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “စိုက်ပျိုးရေးနဲ့ပတ်သက်ရင်လည်း ဒီအတိုင်းပဲ။ ဟုတ်လား။ ကျွန်တော်တို့က အထွက် နှုန်းနဲ့ ပတ်သက်ရင် တစ်အချက် မြေကိုအကျိုးရှိရှိလုပ်ဖို့ရှိတယ်။ နှစ်အချက်ကတော့ အထွက်ကောင်း အောင်လုပ်ဖို့ရှိတယ်။ မျိုးမကောင်းဘူးဆိုရင် မျိုးကောင်းအောင် ကျွန်တော်တို့ လုပ်ရမယ်။ ဒါစိုက်ပျိုးရေးသုတေသနကလုပ်နေတယ်။ ဒါပေမယ့် စိုက်ပျိုးရေး သုတေသနက သုတေသနရလာဒ်ကိုပဲ သူတို့က မျိုးလုပ်လိုက်တာ။ ကျွန်တော်တို့ စီးပွားဖြစ်ပေါ့။ တစ်နိုင်ငံလုံးပျှမ်းမျှ စပါးဧက ခုနကပြောတဲ့ ၁၅ သန်းရှိတယ်။ မိုးစပါး စိုက်တာ။ ဒီမှာ စပါးမျိုးပေါင်းများစွာရှိတယ်။ အဲဒီထဲကနေ ရွေးထုတ်ပြီးတော့မှ မျိုးကောင်း ဉပမာအားဖြင့် ပြည်နယ်နဲ့တိုင်းတစ်ခုမှာ နှစ်မျိုးပဲ ထား၊ ဉပမာအားဖြင့် ၂၈ မျိုး၊ နေပြည်တော်ပါရင် ၃၀၊ မျိုးပေါင်း ၃၀။ အဲ့ဒီမျိုးပေါင်း ၃၀ ကို တကယ့်ကို အားလုံးလွှမ်းခြုံနိုင်အောင် ထုတ်ပေးနိုင်ဖို့ စီမံရမှာပေါ့။ သုတေသန ပြုရုံနဲ့မရဘူး။ တွေ့ရှိချက်တစ်ခုနဲ့မရဘူး။ ဒါနောက်က ဘယ်လိုအကောင်အထည် ဖော်မလဲ။ ဒီလိုသွားရမှာပေါ့။ နိုင်ငံတော်ကလုပ်မလား။ နိုင်ငံတော်ကလုပ်မယ် ဆိုရင် နိုင်ငံတော်ကဘယ်လိုစီမံမလဲ။ ကျွန်တော်တို့မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ သုတေသန တွေ့ရှိချက်တွေနဲ့ သရုပ်ပြတာတို့နဲ့ပြီးသွားပြီး နောက်ကကျယ်ကျယ် ပြန့်ပြန့်လိုက်နိုင် ဖို့ကျတော့ အားလုံးမပါလာဘူးဖြစ်နေတယ်။ အားလုံးက အပေါ်ကနေခိုင်းမှ၊ အပေါ်က နေ လုပ်ပေးမှ လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ဒီလိုလည်း မဖြစ်စေချင်ဘူး။ ဒီလိုတွေ ရှိပြီဆို ငါတို့ဒေသအတွက် ဘယ်လိုလုပ်မလဲ။ ဒီလိုတော့ သွားစေချင်တယ်။
ဒါက စပါး ဒီလိုပဲနေကြာ။ နေကြာမှာဆိုရင် ဒေသအထွက်ကောင်းမျိုး ရှိတယ်။ စပ်မျိုးရှိတယ်။ နှစ်မျိုးရှိတယ်။ အခုကျွန်တော်ကြည့်တယ်။ စပ်မျိုးကတော့ တစ်ဧကကို တင်း ၅၀ လောက် ထွက်တယ်။ ဒေသမျိုးကတော့ ၂၅၊ ၂၆ လောက် ပတ်ဝန်းကျင် ထွက်တယ်။ ဒေသအထွက်ကောင်းမျိုးတွေပေါ့။ ဒါဖြင့် ကျွန်တော်တို့က စပ်မျိုးရ အောင် ပြောင်းရမယ်။ ဘယ်လိုပြောင်းမလဲ ဒီဟာကို။ အစည်းအဝေးလုပ်နေလို့မပြီး ဘူးလေ။ အကောင်အထည်ဖော်ဖို့လိုတယ်။ မျိုးတွေ၊ မျိုးဘယ်လို ရအောင်လုပ်မလဲ။ ဘယ်လိုနည်းနဲ့ရှာမလဲ။ နိုင်ငံတော်က ဆောင်ရွက်ရမယ်။ ဟုတ်ပြီ နိုင်ငံတော်ကဆို ဘယ်လိုလုပ်မလဲ။ ဒီဟာကို။ ပုဂ္ဂလိက ကလုပ်။ ပုဂ္ဂလိကဆို ဘယ်လိုပေးမလဲ။ အရေးကြီးတာတော့ လက်တွေ့ပြနိုင်ဖို့ လိုတယ်”

 
ဆက်လက်ပြောကြားရာတွင် နိုင်ငံအတွက် အဓိကကျသည့် စိုက်ပျိုးရေး လုပ်ငန်းတွင် မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်နေသည်ကို ထောက်ပြခြင်းပင်ဖြစ်ကြောင်း၊ ရေမြေသဘာဝ အပေါ်မူတည်၍ မိမိတို့ဒေသနှင့် ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးရန် လိုကြောင်း၊ မြစ်ရေတင်စီမံကိန်းများကို လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးကိုအသုံးပြု ဆောင်ရွက်၍ရကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ရေရှားပါးသည့်ဒေသများဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် နွေရာသီ၌ပါ စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်၍ရ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်မှုများ ပြုလုပ်ရန်လို ကြောင်း။

 
လျှပ်စစ် စီမံကိန်းများ အမြန်ပြီးစီးရေး

 
လျှပ်စစ်မီးလိုအပ်ချက်နှင့်ပတ်သက်၍ ဒီဇယ်ဆီကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲလျက်ရှိသည့် ဒေသများတွင် ဒေသအလိုက်လျှပ်စစ်မီးရရှိရေးအတွက် နေ့ပိုင်းတွင် အသုံးပြုနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဒေသ အလိုက်စီမံဆောင်ရွက်သွားကြရန်လိုကြောင်း၊ နေရောင်ခြည်ကောင်းစွာရရှိသည့် ဒေသများတွင်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲ ခြင်းဖြင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံး ပြုသည့် ရေနှင့် ဂတ်စ်များ ပိုလျှံလာမည်ဖြစ်ပြီး ညပိုင်းလိုအပ်ချက် ပိုမိုထုတ်လုပ် နိုင်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် စက်ရုံအလုပ်ရုံများတွင် အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် စက်မှုလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်း နှင့်လူမှုကိစ္စများတွင် များစွာအသုံးပြုနေရကြောင်း၊ စက်သုံးဆီများ မြောက်များစွာ အသုံးပြု၍ဆောင်ရွက်ရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများလည်း များစွာရှိကြောင်း၊ အဆိုပါ သယ်ယူပို့ဆောင်ရေးသုံး စက်သုံးဆီများနေရာတွင် လျှပ်စစ်ဓာတ်အားများဖြင့်အစားထိုးနိုင်ရေး နည်းလမ်း၊ စက်သုံးဆီဖူလုံအောင်ဆောင်ရွက်သည့် နည်းလမ်း၊ ပိုလျှံအောင်ပြုလုပ်ရသည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ လက်တလောဖြေရှင်းရာတွင် ဆိုလာမီးများဖြင့် အစားထိုးဆောင်ရွက်ခြင်း၊ ဒုတိယနည်းလမ်းမှာ နောင်နှစ်နှစ်သုံးနှစ် ခန့်တွင် ပြီးစီးလာမည့် စီမံကိန်းများဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ အမြန်ဆုံး ပြီးစီးစေရန်အတွက် ဆောင်ရွက်ရန်လို ကြောင်း။

 
ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်

 
ပို့ကုန်နှင့်ပတ်သက်၍ ပြောကြားရာတွင် စိုက်ပျိုးရေးထုတ်ကုန်များကို နစ်တကျ ဖြင့်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံတော်အတွက် များစွာအကျိုး ရှိမည်ဖြစ်ကြောင်း၊ ထိုသို့တင်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအားလုံး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ သွင်းကုန်များကိုလည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သွင်းကုန်နှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပို့ကုန်တိုးမြင့်အောင်ဆောင်ရွက်၍ အဓိက သွင်းကုန်များဖြစ်သည့် စားသုံးဆီနှင့် စက်သုံးဆီ တင်သွင်းမှုများကို တတ်နိုင်သမျှ လျှော့ချရန်လိုကြောင်း။

 
ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရမည်

 
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ယခင်နှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၅၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့ ကြောင်း၊ ဖြစ်နိုင်ချေကို အနီးစပ်ဆုံးဖြစ်အောင် သုတေသနပြုတွက်ချက် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ၅၀ ရာခိုင်နှုန်းမျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ် လုပ်ဆောင်မည်ဆိုပါက ၆၀ ရာခိုင်နှုန်းကျော်သည်အထိ ပြီးစီးအောင် ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း၊ တစ်နေ့လျင် ကာကွယ်ဆေးထိုးနှံမှု နှစ်သိန်းခွဲရှိပြီး သုံးသိန်းနီးပါး ထိုးနှံနိုင်ခဲ့သည့် နေ့များလည်း ရှိခဲ့ကြောင်း၊ ထိုနှုန်းအတိုင်းသာ ဆက်လက်ထိုးနှံမည် ဆိုပါက ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ ကာကွယ်ဆေးထိုးနှံမှုကို ရာနှုန်းပြည့် ပြီးစီးသည်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လူတိုင်းကာကွယ်ဆေးထိုးနှံပြီးစီးမည်ဖြစ် ကြောင်း၊ သို့သော်လည်း အချို့ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆေးထိုးနှံမှု၌ လိုအပ်ချက်များ ရှိနေသေးသည်ကို‌တွေ့ရှိရပြီး အကြမ်းဖက်သောင်းကျန်းသူများ ရှိနေ သည့် နယ်မြေများမှလွဲ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးစီးအောင် ဆောင်ရွက်နိုင် မည့် အခြေအနေများ ရှိကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားမှသာလျင် ရောဂါဖြစ်ပွားမှု ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည်ဖြစ်သောကြောင့် ဒေသအလိုက် လုံခြုံရေးအစီအမံများဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံမှုကို လုပ်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

 
စီမံခန့်ခွဲမှု၌ ဒေသနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံ

 
စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်ကို စီမံခန့်ခွဲ ဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိ တို့၏ လုပ်ပိုင်ခွင့်ကို အသုံးချ၍ ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လုပ်ပိုင်ခွင့်ကို အသုံးချ၍ အမြတ်ထုတ်ဆောင်ရွက်ခြင်းများ မဖြစ်ရန်လိုကြောင်း၊ တိုင်းပြည်ကောင်းစားရေး အတွက်ကိုသာ ရှေးရှုဆောင်ရွက်ကြစေလိုပြီး နိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေး အမြင်များ ရှိရန်လိုကြောင်း၊ အမြင်လေးမျိုးဖြင့် အဘက်ဘက်မှ သုံးသပ်၍ တွေးခေါ်မျှော်မြင်စဉ်းစား ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများသည် အစိုးရအဖွဲ့၏ မူဝါဒကို အကောင်အထည် ဖော် ဆောင်ရွက်ရန်၊ ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရန် ကွပ်ကဲဆောင်ရွက်ရန်ဖြစ်ပြီး ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့ဒေသနှင့် ကိုက်ညီ သည့် အစီအမံများ၊ ကွပ်ကဲအုပ်ချုပ် မှုပုံစံများဖြင့် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ် ကြောင်း၊ မိမိတို့ အုပ်ချုပ်ဆောင်ရွက်နေရသည့် အချိန်ကာလအတွင်း နိုင်ငံတော်ကို ကောင်းအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းကောင်းများ ကျန်ရှိရန်လိုအပ် ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြသည်။

 
အသုံးစရိတ်များ ချွေတာသုံးစွဲ

 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝန်ကြီး ဌာနများအနေဖြင့် ဌာနပိုင်မြေနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦ၊ လုပ်ငန်းများအား ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မူလစာချုပ်ပါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ စည်းကမ်းဖောက်ဖျက်မှု ရှိ/မရှိ ပြန်လည် စိစစ် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အသုံးစရိတ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနများအလိုက် တတ်နိုင်သမျှချွေတာသုံးစွဲကြရန်အတွက် တာဝန်ရှိသူများက လည်း ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယင်းသို့ ချွေတာသုံးစွဲခြင်းဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ အမှန်တကယ် တိုးတက်မှုရှိအောင် လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း။

 
တက္ကသိုလ်များ ပြန်ဖွင့်မည်

 
၂၀၂၂ ခုနှစ် မေလတွင် တက္ကသိုလ်များ၊ သင်တန်းများအားလုံး ပြန်လည်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်ချိန်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားလုံး တက်ရောက် ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းမတက်ရန် ခြိမ်းခြောက်မှုမျိုးစုံရှိလာနိုင်သဖြင့် တာဝန်ရှိသူများအနေဖြင့် လုံခြုံ ရေးကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိရန် လိုကြောင်း။

 
သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး

 
ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီဖြစ်သဖြင့် ယခုနှစ်သကြ်န်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြုလုပ်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း သင်္ကြန်ပွဲတော် ကျင်းပရာ တွင် လုံခြုံရေးအသိဖြင့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဖျက်အမှောင့်လုပ်ငန်းများသည် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့များ စနစ်တကျပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း လျော့ကျသွားပြီး ဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ သတိဝီရိယဖြင့် နေထိုင်သွားကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးနှင့် စပ်လျဉ်း ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။