ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြစ်ကြီးနားမြို့၊ ခေမာသီဝံကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို လှူဒါန်းပြီး မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသို ကျောင်းတိုက် ပဓာနနာယက ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့အကျိုး တော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ ထံမှ အနုမောဒနာတရားနာယူ ကာ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။