ကချင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများပေးအပ်

ကချင်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၆
    
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကာမိုင်းမြို့၊ မြို့မရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝန်းနှင့် မအူပင်ရပ်ကွက်ရှိ အသင်းတော်များပိုင်နေအိမ် များသို့ ရွှေ့ပြောင်းရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူများအား ဇူလိုင် ၂၅ ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ရွှေဖီဦးလက်ဖက်ရည်ထုပ်များ၊ ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့သည်။
    
ယနေ့တွင်လည်း ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်၊ ဓမ္မိကာရုံဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၁၉ စု၊ လူဦးရေ ၅၄၁ ဦးတို့ကို နယ်မြေခံ တပ်မှ ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး သောက်ရေသန့် ၅၄၆ ဘူး၊ ခေါက်ဆွဲခြောက် ၁၀၈၂ ထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။