ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ လူစုလူဝေးဖြစ်ပွားမှုအား လူစုခွဲရှင်းလင်းစဉ် အမျိုးသား ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ လူစုလူဝေးဖြစ်ပွားမှုအား လူစုခွဲရှင်းလင်းစဉ် အမျိုးသား ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိ

နေပြည်တော်၊ မတ်လ ၁၄
    
ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဦးဆောင်သူ (စိစစ်ဆဲ)၊ ဆူပူဆန္ဒပြသူ လူစုလူဝေး အင်အား ၄၅၀ ဦးခန့်သည် နိုင်ငံတော်ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်း နိုင်ရေး သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
    
အဆိုပါဆူပူဆန္ဒပြလူစုလူဝေးများအား လူစုခွဲရန် ညှိနှိုင်းဖြေလျော့ခဲ့သော်လည်း လိုက်နာမှု မရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်းနင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ခြောက်လှန့် ပစ်ခတ်၍ လူစုခွဲခဲ့ရာ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူဆန္ဒပြသူများမှ အကြမ်းဖက်ရန်ပြုပစ်ခတ်မှုကြောင့် ရဲတပ်သား ဇော်ဇော်အောင်တွင် ယာမျက်ခုံးပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပါသည်။ 
    
ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူလူအုပ်စုအတွင်းမှ ကျော်လင်းထိုက် (၃၀)နှစ်၊ (ဖ)ဦးတင်ဝ၊ ဆိတ်မူရပ်ကွက်၊ ဖားကန့်မြို့နေသူမှာ ထိခိုက်ဒဏ်ရာရှိကာ သေဆုံးသွားခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ လိုအပ်သည့်လုပ်ငန်းစဉ်များအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။