ကချင်ပြည်နယ်၊ ရွှေကူမြို့၌ ကုန်တင်ရေယာဉ်အား လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ် တိုက်ခိုက်၍ လုံခြုံရေးလိုက်ပါဆောင်ရွက်သည့် တပ်ဖွဲ့ဝင် ၂ ဦးနှင့် ရေယာဉ်ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မေ ၂၁ 
    
ကချင်ပြည်နယ်၊ ရွှေကူမြို့၌ ကုန်တင်ရေယာဉ်အား လက်နက်ကိုင်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်၍ လုံခြုံရေးလိုက်ပါဆောင်ရွက်သည့် တပ်ဖွဲ့ဝင် ၂ ဦးနှင့် ရေယာဉ်ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မေလ ၂၁ ရက် နံနက် ၅ နာရီ ၃၅ မိနစ်အချိန်တွင် ပြည်တွင်းရေကြောင်းပိုင် “ပိတောက်” ကုန်တင်ရေယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ မြို့နယ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းနှင်ထွက်ခွာလာခဲ့ရာ နံနက် ၁၁ နာရီအချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာအကျော်သို့အရောက်၌ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့က မြစ်ကမ်းပါးပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လုံခြုံရေးလိုက်ပါ‌ ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ထိတွေ့ပစ်ခတ်မှုပြီးဆုံးသွားခဲ့ပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ရေယာဉ် ဝန်ထမ်း ၁ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။