ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝင်းအတွင်း၌ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၈၀ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံစတင်ဖွင့်လှစ်

ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝင်းအတွင်း၌ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၈၀ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံစတင်ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ် - ၃၀

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝင်းအတွင်း၌ ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

    ဦးစွာ ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အောက်ဆီဂျင်စက်ရုံအဆောက်အဦကို ဖဲကြိုး ဖြတ်ဖွင့်လှစ်၍ အောက်ဆီဂျင်စက်ရုံဆိုင်းဘုတ်နှင့်  အောက်ဆီဂျင်စက်ရုံအတွင်း ရှိ အောက်ဆီဂျင်စက်တို့ကို စက်ခလုတ် ဖွင့်လှစ်၍  စတင်လည်ပတ်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ အောက်ဆီဂျင်စက်ရုံအား လှည့်လည် ကြည့်ရှုကြသည်။ 
    အဆိုပါစက်ရုံမှာ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး  အလုံး ၈၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကုသရေး နှင့် အောက်ဆီဂျင်လိုအပ်မှုများ ရှိပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးနိုင် ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။