ကမ္ဘာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးပေါင်း ၃ ဘီလီယံကျော် ထိုးနှံပြီးဖြစ်

ပဲရစ်၊ ကျန်းမာရေး

ကမ္ဘာတွင် ကိုဗစ်-၁တစ်ကမ္ဘာလုံးတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးပေါင်း ၃ ဘီလီယံကျော် ထိုးနှံပြီးဖြစ်ကြောင်း ဇွန် ၂၉ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ကာကွယ်ဆေးထိုးနှုန်းမှာ အရှိန်အဟုန် မြင့်တက်လာနေပြီး  ကာကွယ်ဆေး အလုံးပေါင်း ပထမဆုံး ၁ ဘီလီယံထိုးပြီးရန် သီတင်းပတ် ၂ဝ ကြာမြင့်ရာမှ ယခုနောက်ဆုံး တတိယ   တစ်ဘီလီယ ထိုးပြီးရန်မှာမူ လေးပတ်သာ ကြာမြင့်တော့သည်။

ကမ္ဘာပေါ်တွင် ကာကွယ်ဆေး ပမာဏ အများဆုံး ထိုးပေးထားနိုင်သည့် ထိပ်ဆုံး သုံးနိုင်ငံမှာ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့ဖြစ်ပြီး ထိုးပေးထားသည့် ကာကွယ်ဆေးအလုံးပေါင်း ၁ ဒသမ ၂ ဘီလီယံ၊ ၃၂၉ သန်းနှင့် ၃၂၄ သန်းတို့ဖြင့်  အသီးသီး ရပ်တည်လျက်ရှိသည်။

သို့သော်  အရှေ့အလယ်ပိုင်း သုံးနိုင်ငံဖြစ်သော အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်းနှင့်အစ္စရေးတို့က   နိုင်ငံအတွင်း ကာကွယ်ဆေးအများဆုံး လွှမ်းခြုံထိုးပေးနိုင်သည့် နိုင်ငံများဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုက  လူ ၁ဝဝ လျှင်  ဆေး ၁၅၃လုံး၊ ဘာရိန်းနှင့် အစ္စရေးက လူ ၁ဝဝ လျှင် ဆေး ၁၂၄ လုံးစီ ထိုးပေးပြီး ဖြစ်သည်။

ထို့ကြောင့်    အဆိုပါ သုံးနိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းရှိ   လူဦးရေ၏ ၆ဝ ရာခိုင်နှုန်း နီးပါးကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးပြီးဖြစ်သည်။

သို့သော်  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဦးဆောင်သော ကိုဗစ်ကာကွယ်ဆေး ခွဲတမ်း အစီအစဉ်ကြောင့်သာ ဆင်းရဲသောနိုင်ငံများက ကာကွယ်ဆေးထိုး လုပ်ငန်းကို စတင် နေပြီဖြစ်သော်လည်း တစ်ကမ္ဘာလုံး အတိုင်း အတာအနေဖြင့် ကြည့်ပါက ကာကွယ်ဆေးထိုးမှုသည် လွန်စွာမညီမျှမှု ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများက လူ ၁ဝဝ လျှင် ကာကွယ်ဆေး တစ်လုံးသာ ထိုးနှံနိုင်ချိန်တွင် အချမ်းသာဆုံး နိုင်ငံများက လူ ၇၉ ဦးလျှင် ကာကွယ်ဆေးတစ်လုံး ထိုးနှံထားပြီးဖြစ်သည်။

ထို့ပြင် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝ မထိုးရသေးသည့် ငါးနိုင်ငံရှိသေးကြောင်းနှင့်     ယင်းနိုင်ငံများမှာ တန်ဇန်နီးယား၊ ဘူရွန်ဒီ၊ အဲရစ်ထရီးယား၊ ဟေတီနှင့်   မြောက်ကိုရီးယား နိုင်ငံတို့ဖြစ်ကြောင်းသိရသည်။