ကမ္ဘာပေါ်တွင် အဆုတ်ကင်ဆာထက် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းပိုမိုမြင့်တက်

ဂျီနီဗာ၊ ကျန်းမာရေး

ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသောကင်ဆာရောဂါများအနက် အဆုတ်ကင်ဆာဖြစ်ပြီး ယခုအခါ ထိုရောဂါထက် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းက  ပိုမိုမြင့်တက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖေဖော်ဝါရီ ၂ ရက်တွင်ပြောသည်။ ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသောကင်ဆာရောဂါစာရင်းတွင် ရင်သားကင်ဆာရောဂါက  ပထမဆုံး အကြိမ်အဖြစ်ပါဝင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကင်ဆာရောဂါအထူးပြုကျွမ်းကျင်သူ အန်ဒရီအယ် ဆာဝီကပြောသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်နှစ်ခုတွင် အဆုတ်ကင်ဆာသည်    အဖြစ်အများဆုံး ရောဂါအမျိုးအစားတစ်ခုဖြစ် သည်။ သို့သော် ယခုအခါ    ရင်သားကင်ဆာရောဂါက ပထမနေရာတွင်ရပ်တည်ကာ တတိယနေရာ တွင်ရှိသည်က   အူမကြီးကင်ဆာဖြစ်ကြောင်း အန်ဒရီအယ်ဆာဝီကပြောသည်။ ထို့ပြင်   အမျိုးသမီးများအဝလွန်ခြင်းသည်   ရင်သားကင်ဆာကို ဖြစ်စေသည့် အဓိကအကြောင်း ရင်းဖြစ်ကြောင်းနှင့် အဝလွန်ခြင်းက  ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လှုံ့ဆော်ပေးနေကြောင်း  လေ့လာတွေ့ရှိသည်ဟု ၎င်းကဆိုသည်။

ကင်ဆာရောဂါ   ဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၁၉ ဒသမ ၃ သန်းရှိရာမှ ၂၀၄၀ ပြည့်နှစ် အရောက်တွင် တစ်နှစ်လျှင် လူသန်း ၃၀ အထိမြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။