ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

 
နေပြည်တော်၊ ဇွန် - ၂၉

 
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သတ္တုလုပ် ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားရာတွင် ကမ္ဘာပေါ်တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော်များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုး ကွယ်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြသရန်ဖြစ်ကြောင်း၊ အခမ်းအနား သို့တက်ရောက်လာကြသည့် ဓမ္မမိတ်ဆွေများသည် ဘာသာ၊ သာသနာအားဖြင့် သော် လည်းကောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင်လည်း ကောင်း တိုးတက်မှုရှိရန် ကျရာအခန်းကဏ္ဍများမှ ပါဝင်ထမ်းဆောင်နေကြသည့် လူပုဂ္ဂိုလ်များဖြစ်ကြ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် နေပြည်တော်တွင် မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်နေသည့် အခြေအနေ များကို သိရှိရန်လိုအပ်သည်ဟုယူဆပြီး ကုသိုလ်စိတ်ပွားများနိုင်ရေး ရှင်းလင်းပြသခြင်း ဖြစ်ပါကြောင်း။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက် ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာ ယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဗုဒ္ဓ၏တရားတော်များကို ပဉ္စသံဃာယနာတင်ခြင်းကို မင်းတုန်းမင်း လက်ထက်တွင်လည်းကောင်း၊ ဆဋ္ဌသံဃာယနာတင်ခြင်းကို ဝန်ကြီးချုပ် ဦးနုလက် ထက်တွင် လည်းကောင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာ နှင့်ပတ်သက်၍ ခိုင်မာသောအခြေခံရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မိမိတို့နိုင်ငံတွင် ခိုင်မာမှုရှိခြင်းကို ပြသနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်အတွက် သာသနာ တော်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်သာယာဝ ပြောမှုရှိမှုဆိုသည်မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင် လုပ်ကိုင် စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွားလာဘ်လာဘများ တိုးတက်စေရမည်၊ ပျော်ပျော်ရွှင်ရွှင်ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရား၏အေးမြသည့် အရိပ်အာဝါသအောက်တွင်အားလုံး အေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင်စွာနေထိုင် နိုင်ရေးဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊ အေးချမ်းမှု မေတ္တာတရားထားသည့် ဘာသာတရားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရား၏ အောက်တွင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုရှိစေရေးရည်ရွယ်ချက်များဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက် တော်ကြီးကို တပ်မတော်မှဦးဆောင်၍ ဘုရားတည်ထားရန်အတွက် လွှဲအပ်ခဲ့ကြောင်း၊ အဆိုပါကျောက်တော်ကြီးကို တူးဖော်ရရှိရေးကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ် စစ်ဆေးဆောင်ရွက်ပြီး တွက်ချက်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်အောက်တို ဘာလမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ်မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ၂၀ ရှိ A အဆင့်ရှိသည့် ကျောက်တော်ကြီးကို အကြမ်းထည် ပုံဖော်နိုင်ခဲ့ကြောင်း၊ ဆင်းတုတော် ထုဆစ်ရန်အတွက် တွက်ချက်ဆောင်ရွက်ရာတွင် အချို့ကျောက်သား နေရာများတွင် လိုအပ်ချက်များရှိခြင်းကြောင့် ကျောက်သားများထပ်မံထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။
ဆင်းတုတော်ကြီးတည်ထားကိုးကွယ်ရန် ဆောင်ရွက်ရာ၌ ခေတ်အလိုက် တည် ထားဆောင်ရွက်ခဲ့သည့်ရုပ်ပွားတော်များထဲမှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ် ဟန် ဘူမိဖဿ ပုံစံဖြင့်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည်လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ မိမိတို့နိုင်ငံ၏ သမိုင်းမှာအဆက်ပြတ်သွားခဲ့ ကြောင်း၊ ၁၉၄၈ ခုနှစ် မှသာ လွတ်လပ်ရေးပြန်လည်ရရှိခဲ့ကြောင်း၊ ကိုလိုနီဖြစ်ခဲ့သည့် ကာလ အတွင်း မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုများပျက်စီးသွားခဲ့ခြင်းကြောင့် နောက်ဆုံးကျန်ရှိ ခဲ့သည့် ယဉ်ကျေးမှုကိုယူရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကြီးထုဆစ်ပူဇော်ရန်စဉ်းစားရာတွင် ဉာဏ်တော်ကို အဓိကထား ပြီး သတ်မှတ်ထားသည့် ထုံးတမ်းအစဉ်အလာများပေါ်မူတည်၍ လိုအပ်သည့် ပလ္လင်တော်နှင့် ဒူးတော်နေရာများအတွက် စကျင်ကျောက်များ ထပ်မံရရှိရေးဆောင် ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီး ထုဆစ် ရန်အတွက် ကျောက်တုံးတော်ကြီးများကို သယ်ယူရေးစီစဉ်ဆောင် ရွက်ခဲ့ရာတွင် ကုန်းလမ်းမှသယ်ယူရန် အခက်အခဲများ ရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီမြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှနေပြည်တော်သို့ သယ်ဆောင်နိုင်ရေး အတွက် အသေးစိတ်လိုက်လံ ကြည့်ရှုခဲ့ပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ကျောက်တုံးတော် ကြီးများကို ပိုင်းဖြတ်သယ်ယူ ပင့်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ သယ်ယူချိန်တွင်လည်း ထုထည်ပမာဏကြီးမားခြင်း ကြောင့် အခက်အခဲများကြားမှ ပင့်ဆောင်ခဲ့ရကြောင်း၊ စကျင်တောင်မှ သယ်ဆောင်ရန်အတွက် ဆောင်ရွက်ရာ တွင်လည်း တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော် (ရေ)တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်လုပ်ရာတွင် မြေကျင်း ၉၂၅၀၇ ကျင်း၊ တူးမြောင်း အရှည် ၄၅၈၃ ပေ ဖောက်လုပ်ဆောင် ရွက်ခဲ့ရကြောင်း၊ အလားတူ ဆီမီးခုံဆိပ် ကမ်းသို့လည်း ရေယာဉ် များဆိုက်ကပ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ရ ကြောင်း။
၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို စတင်ပင့် ဆောင်ခြင်းအခမ်းအနားကို ဆောင်ရွက်၍ပင့်ဆောင်ခဲ့ကြောင်း၊ ကျောက်တုံးတော်ကြီး များ ထိခိုက်မှုမရှိစေရေး စနစ်တကျဖြင့်ပင့်ဆောင်ခဲ့ရပြီး စုစုပေါင်းအနေဖြင့် ၉ ကြိမ်ပင့် ဆောင်ခဲ့ရကာ တန်ချိန်အားဖြင့် ၈၁၅၈ တန်သယ်ဆောင်ခဲ့ရကြောင်း၊ ရေလမ်းခရီးဖြင့် စကျင် ကျောက်တုံးကြီးကိုသယ်ဆောင်ခြင်းသည် ကမ္ဘာပေါ်တွင်မှတ်တမ်းဝင်ခဲ့ ကြောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ် ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းအကြား ကျောက် တုံးတော်ကြီးများ ချောမွေ့စွာသယ်ယူနိုင်ရေး ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းအား ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စတင် ပင့်ဆောင်ခဲ့ကြောင်း၊ ထိုသို့ပင့်ဆောင်ရာတွင်လည်း တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀ ကြား သယ်ဆောင်နိုင်သည့် ကားများသွားလာနိုင်ရေး ရှောင်ကွင်းလမ်းများ ဖောက်လုပ်ခြင်း နှင့်လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်အချိန်အားဖြင့် ၄ လကြာမြင့်ခဲ့ကြောင်း၊ ကျောက်တော်ကြီး များပင့်ဆောင်သည့် အချိန်သည် ကိုဗစ်ကာလဖြစ်ပွားနေချိန် နှင့်နိုင်ငံရေးအရအကြပ်အတည်းများဖြစ်နေ ဖြစ်သဖြင့် အချို့မှာကျောက်တော်ကြီးများ ပင့်ဆောင်မှုကို အသေးစိတ်သိရှိမှုနည်း ပါးကြကြောင်း။
ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း၊ ထိုသို့သယ်ယူ ရာတွင်လည်း ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modula Trailar များ ထုတ်လုပ်သော ဂျာမဏီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး အရာဝတ္တုများကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ် ယူနိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကိုပေးအပ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် အလေးချိန်အများဆုံး စကျင်ကျောက်အား အဝေးဆုံးသော ရေလမ်းခရီးသယ် ဆောင် မှုနှင့် အဝေးဆုံးသောကုန်းလမ်းခရီး သယ်ဆောင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း။
ဘုရားကြီးတည်ထား ကိုးကွယ်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍ ခမ်းခမ်းနားနားထင်ထင်ပေါ်ပေါ်ရှိစေရေး တည်ဆောက်ရန်ရည်ရွယ် ဆောင်ရွက်ခဲ့ ကြောင်း၊ ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျဖြင့် အကွက်ချတွက်ချက်ဆောင်ရွက်ခဲ့သကဲ့သို့ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော် ကြီးများထံမှလည်း ဩဝါဒခံယူခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language ဖြင့်ရေးထိုးနိုင် ရေးဆောင်ရွက်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း ဩဝါဒါ စရိယဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ “မာရဝိဇယ”ဟူသည့်ဘွဲ့အမည် ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း။
ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Languageတို့ဖြင့် ကျောက်ထက် အက္ခရာတင်ရေးထိုးနိုင်ရေးနှင့် ကျမ်းစာအုပ်များပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ရာ တွင်လည်း စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျမ်းစာအုပ်များရိုက်နှိပ်ရာ တွင်လည်း အရည်အသွေးကောင်းမွန်သည့် စက္ကူများဖြင့် ရိုက်နှိပ်ခြင်းဖြစ်ကြောင်း၊ အလားတူ အဆိုပါပိဋကတ်သုံးပုံအား Application ဖြင့်ထည့်သွင်း၍ Tablet များတွင် ဖတ်ရှုနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ၎င်းပိဋကတ်ကျမ်းစာများကို ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့် ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ် ကြောင်း။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်အစီအစဉ်များ အဆင့်ဆင့်ချမှတ် ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယဥယျာဉ်အတွင်း ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင် ရွက်ပြီး မန္တလေးရတနာပုံခေတ် မင်္ဂလာတံတားပုံစံ တံတားတစ်စင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား မည့်နေရာတွင် တန်ချိန် ၂၀၀၀၀ ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန် အတွက် ဘိုးပိုင်များရိုက်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ပလ္လင်တော်အစိတ်အပိုင်းများ ပင့်ဆောင်နေရာချထားခြင်းနှင့်တွဲဆက်ခြင်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက် ခဲ့ကြောင်း၊ ပလ္လင်တော်အစိတ်ပိုင်းများကို ထုဆစ်ရာတွင်လည်း CNC စက်ကြီးများဖြင့် ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေပန်းရင်ပြင်တည်ဆောက်ခြင်းနှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့်တည် ဆောက်ခဲ့ကြောင်း၊ အလားတူ သုဓမ္မာဇရပ်များတည်ဆောက်ရာတွင် ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှု လက်ရာများဖြင့်ရှေးမူမပျက် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဘုရားဖူးလာပြည်သူများ အနားယူနိုင်မည်ဖြစ်ကြောင်း။
ဆင်းတုတော်ကြီးအားထုဆစ်ရာတွင်လည်း ကိုးပေအရွယ်ရှိသည့် ကျောက်ဆစ် ရုပ်ပွားတော်ကို နမူနာထုဆစ်၍ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီးကိုလည်း အပိုင်းလိုက်ခွဲ၍ CNC စက်များဖြင့် အဆင့်ဆင့် ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း။
မာရဝိဇယကျောင်းတော်နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယဆရာ တော်ကြီးများရှိရန်လိုအပ်သဖြင့် မာရဝိဇယကျောင်းတော်ကို တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါကျောင်းတော်တွင် သံဃာတော် ၅ ပါးသီတင်းသုံးနိုင်မည်ဖြစ်ကြောင်း၊ မုစလိန္ဒ ကန်နှင့် နဂါးရုံဘုရားတည်ထားရာတွင်လည်း ဩဝါဒါစရိယဆရာတော်ကြီး များ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌ ကထာစသည့် ပိဋကတ်တော် လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန် တော်များနှင့်အညီ ပြည့်စုံစွာတည်ထားကိုး ကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျည်းပင် ၃ ပင် ကိုလည်း စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း။
ဆင်းတုတော်အပိုင်းများတွဲဆက်ခြင်းများကို အက်အခဲများကြားမှ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ ရွှေ့ပြောင်းရာတွင်လည်း အမှား အယွင်းများမရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျောက်စာရုံစေတီများ တည်ဆောက် ခြင်းနှင့်ပတ်သက်၍ ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး အား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ် သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာဖတ်ရှု ကြည်ညိုနိုင်ရေး အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာ များ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထု ထည့်သွင်း၍ တည်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောက်စာရုံစေတီ တော်များကို မန္တလေးမြို့၊ မဟာကုသိုလ်တော်ဘုရားကျောက်စာရုံများ ပုံစံယူ၍ တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာများရေးထိုးရာတွင်လည်း မှားယွင်းမှုမရှိစေရေး အတွက် ရန်ကုန်၊ မန္တလေးနှင့် သီတဂူ သာသနာ့တက္ကသိုလ် တို့မှ ပါမောက္ခချုပ်များဦး ဆောင်မှုဖြင့် ဆရာတော်ကြီးများမှ နေ့စဉ်တည်းဖြတ်၍ စနစ်တကျမှတ်တမ်းတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာရုံစေတီတော်များ တည်ဆောက်ရာတွင် လည်း‌ မြေနေရာခိုင်ခံ့မှုရှိစေရေး စနစ်တကျဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့၊ ရွှေစင်မင်း သီလရှင်သင်အမျိုးသမီးပရဟိတ ပညာရေးမူလွန်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာမှ သီလရှင်ဆရာလေးများမှ လှူဒါန်းသည့် ဗောဓိပင် ၁၀၀၀ ကို လည်း ကျောက်စာရုံများ၏ ပတ်လည်တွင် စိုက်ပျိုးထားရှိကြောင်း။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာမှုရှိစေရေးအတွက် ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်ထားရှိကြောင်း၊ အလားတူ တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ် ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ပပညာရှင်များလုံးဝပါရှိခြင်းမရှိ ကြောင်း၊ တန်ချိန်ပေါင်း ၁၇၀၀ ရှိသည့် ဆင်းတုတော်အပိုင်း(၁၊၂၊၃) တို့တွဲဆက်ထား သည့်အပိုင်းအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သံမဏိ ပန်းတောင်းကိုအသုံးပြုခဲ့ရကြောင်း၊ ဆင်းတုတော်အပိုင်းများ ထည့်သွင်းထားသည့် သံမဏိပန်းတောင်းကို တန်ချိန် ၁၅၀၀ ရှိသည့် သံမဏိမျှော်စင်ကြီးနှင့် တန်ချိန် ၂၅၀ ရှိ အထောက်အကူပြုသံမဏိစင်ကို အသုံးပြု၍ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ပင့်ထောင် ခြင်းလုပ်ငန်းများနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို အမှားအယွင်းများမရှိစေရေး ခက်ခက်ခဲခဲဖြင့်ဆောင်ရွက်ခဲ့နိုင်ခဲ့ကြောင်း။
ဇန်နဝါရီ ၂၇ ရက်တွင် ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော် ခြင်း မဟာမင်္ဂလာ အခမ်းအနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်၌ ရတနာပလ္လင်တော် ထက်တွင် ဒုတိယအကြိမ်ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များကကုသိုလ်ပြု လှူဒါန်း ထားသည့် အဖိုးတန်ကျောက်မျက်ရတနာ ဌာပနာတော်ကုသိုလ်ပစ္စည်းများ ဌာပနာသွင်း လှူပူဇော်နိုင်ခဲ့ကြောင်း။
သာသနာ့ဗိမာန်နှင့်ပတ်သက်၍ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန်အတွက် သံဃာတော်အပါး ၉၀၀ နှင့် လူပရိတ်သတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ခဲ့ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးသည် သိမ်သမုတ်ထားသည့် သိမ်တော်ကြီးတစ်ခုဖြစ်ကြောင်း။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်မှုအချောသပ်လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့ကြောင်း၊ ဥဏ္ဏလုံမွေးရှင်တော်မြတ် ကိုလည်းတပ်ဆင်ပူဇော် ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရန်အတွက် ပန္နက်ရိုက်ခဲ့သည်မှ ယနေ့အထိ ရက်ပေါင်း ၁၁၁၀ ၊ ၃ နှစ်နှင့် ၁၅ ရက်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ရုပ်ပွား တော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တန်ချိန် ၂၀၀၀၀ အထိခံနိုင် သောအောက်ခံအမာရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်း မုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် ရစ်စတာစကေး ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများ ကြောင့် ဆင်းတုတော်ကြီး ထိခိုက်မှုမရှိစေရေး တို့အတွက် အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျတွက်ချက် တည်ဆောက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီး၏ ကျောင်းတုံးတော် ကြီးများကိုတွဲဆက်ခြင်းများဆောင်ရွက်ရာတွင်လည်း သမားရိုးကျနည်းလမ်းများနှင့် ခေတ်မီနည်းလမ်းများ ပေါင်းစပ်တည်ဆောက် ထားခြင်းဖြစ်ကြောင်း။
ရင်ပြင်တော်ကြီး တည်ဆောက်ရေးနှင့်ပတ်သက်၍ မြက်ခင်းများကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း၊ ဂန္ဓကုဋိတိုက်များကိုလည်း စကျင်ကျောက်များ အသုံးပြု၍ မန္တလေးမြို့၊ အတုမရှိကျောင်းတော်၏ ပုံစံအတိုင်း အဆောင်တစ်ခုနှင့် တစ်ခု အနုလက်ရာများလုံးဝမတူညီသည့် ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူး လာပြည်သူများအနေဖြင့် နေပူပြင်းသည့် အချိန်များတွင် ဂန္ဓာကုဋိတိုက်တော်များ အတွင်းမှ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားခြင်းဖြစ် ကြောင်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်နိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက်ထား ရှိကြောင်း၊ ဘုရားကြီးပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှ ရရှိသည့် ဗောဓိညောင်ပင် ကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ ဘုရားကြီး၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင် လင်းလွန်းတောနှင့် ဘုရားကြီး၏ အနောက်ဘက်တွင် လင်းလွန်း ပင်နှင့် လုမ္ပဏီ အင်ကြင်းပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လုမ္ဗိနီအင်ကြင်းပင် များအား အိန္ဒိယနိုင်ငံမှ လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ရေပန်းရင်ပြင်နှင့် ကျောက်စာရုံများအဆင့်ဆင့်တိုးတက်လာမှုအား Drone ဖြင့် ရိုက်ကူးထားရှိမှု မှတ်တမ်း Video Clip နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်ကြီး တည်ဆောက်ပြီးစီးပါက ဖူးမြော်မြင်တွေ့ရမည့် အခြေအနေ Video Clip ဖြင့် ရှင်းလင်းပြသပြီး ယခုလာရောက်သည့် ဓမ္မမိတ်ဆွေများအနေဖြင့် အမျိုးဘာသာ၊ သာသနာအတွက်သော်လည်းကောင်း၊ နိုင်ငံတော်၏လူမှုစီးပွားဘဝ တိုးတက်ရေး အတွက်သော်လည်းကောင်း တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ထမ်းဆောင်နေကြသူများ၊ နိုင်ငံ့ ဂုဏ်ကိုဆောင် နေကြသူများဖြစ်သဖြင့် အသိပေးသင့်သည်ဟု ယူဆ၍ ယခုကဲ့သို့ အသေးစိတ်ရှင်း လင်းပြသပေးခြင်းပင်ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်နေမှုကို သိရှိရခြင်းဖြင့် ကုသိုလ်သဒ္ဒါများပွားနိုင်စေရန်ရည်ရွယ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓဥယျာဉ် တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ကြားဖြတ်အစီအစဉ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဝန်ကြီးချုပ်က လက်ခံရယူသည်။
ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ငွေကြေး အကုန်အကျများစွာဖြင့် တည်ထားခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့သော ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီး ထပ်မံတည်ဆောက်ရန်အတွက် မလွယ်ကူကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ချိန်တွင် အခက်အခဲများလည်းရှိခဲ့ကြောင်း၊ သာသနာ့ဗိမာန် တော်ကြီးကိုလည်း အချိန်မီပြီစီးနိုင်ရေး နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ရကြောင်း၊ သာသနာတော်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင်များ၊ စီးပွားရေး ဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးလိုသဖြင့် ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခမ်းအနားကို အချိန်နှင့်နေရာကန့်သတ်ချက်များကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ လှူဒါန်းမှုများနှင့်ပတ်သက်၍ သဒ္ဒါတရားထက်သန်မှုများဖြင့်လှူဒါန်းခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ အဆောက်အဦများအလိုက် လှူဒါန်းခဲ့သည့် အလှူရှင် များ၏ အမည်များကိုလည်း ကျောက်ချပ်များပေါ်တွင် ရေးထိုး၍ ကဗ္ဗည်းမှတ်တမ်း ထားရှိပေးမည်ဖြစ်ကြောင်း၊ ယခုတည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသည် ပမာဏကြီးမားပြီး လုပ်ငန်းများလည်း ကြီးမားပါကြောင်း၊ ထို့ကြောင့်ယခုတခဏအချိန်အတွင်း သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း ဖြင့်ပြောကြား သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ဘာဂီယာဉ်ငယ်များဖြင့်လှည့် ကြည့်ရှုဖူးမြော်ကြရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသကြသည်။
ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြ သူများက သဒ္ဒါတရားစိတ်ထက်သန်စွာဖြင့် လှူဒါန်းသည့် အလှူရှင် ၁၀၁ ဦး၏ လှူဒါန်းမှု စုစုပေါင်းမှာ ငွေကျပ် ၁၆၁၇၇ သန်း (၁၆ ဒသမ ၁၇၇ ဘီလီယံ) ဖြစ်ကြောင်း သတင်းရရှိ သည်။