ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် - ၅

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဉတ္တမခန်းမ၌ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပေးပို့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်ဆိုင်ရာ သဝဏ်လွှာမှတ်တမ်းဗွီဒီယိုနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီ အစဉ်၏ အမှုဆောင်ဒါရိုက်တာ Ms. Inger Andersen ၏ အမှာစကား မှတ်တမ်း ဗွီဒီယိုနှင့် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆိုင်ရာဗွီဒီယိုများ ကြည့်ရှုကြပြီး ပြခန်းများအား လိုက်လံကြည့်ရှုကြသည်။

အလားတူ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မြို့တော်စည်ပင်သာရေးကော်မတီ၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အမှာစကားပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့နှင့်ပတ်သက်သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ပြောကြား မှု၊ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Ecosystem Restoration (ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ဂေဟစနစ်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့) ဟူသောဆောင်ပုဒ်နှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ ဆုချီးမြှင့်ရာတွင် ပထမဆုရရှိသော ညောင်ဦးမြို့၏ ဆုချီးမြှင့်ခြင်းဆိုင်ရာ သတင်း တို့အား Video Clip ဖြင့် ပြသရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုကြသည်။ ယင်းနောက် တိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲထွန်းက ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီကားချပ်နှင့် အသိပညာပေးစာအုပ်များကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့အားပေးအပ်သည်။ ၎င်းနောက် တိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။