ကမ္ဘောဒီးယားနိုင်ငံက မင်္ဂလာဆောင်ခန်းမများကို ကိုဗစ်-၁၉ လူနာများထားရန် ပြင်ဆင်မှုများပြုလုပ်

ဖနွမ်းပင်၊ ကျန်းမာရေး

ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများ ပြန်လည်မြင့်တက်လာသည့်အတွက်   မင်္ဂလာဆောင် ခန်းမနှစ်ခုတွင် ခုတင်ထောင်ပေါင်းများစွာ ထည့်သွင်းပြီး ကိုဗစ်-၁၉ လူနာများကို ထားရှိရန်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ပြန်လည်ဖြစ်ပွား သည်ကို တွေ့ရှိရပြီးနောက် ဧပြီ ၁၈ ရက်တွင် တစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၆၁၈ ဦး အထိပြန်လည် မြင့်တက်လာသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနည်းဆုံး နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၌ ထိုရောဂါဖြစ်ပွားသူ စုစုပေါင်း ၆၄၀၀ ကျော်လာပြီဖြစ်သည်။

အလားတူသေဆုံးသူ အရေအတွက်မှာ ၄၃ ဦးရှိလာပြီဖြစ်ကာ ၎င်းတို့အားလုံးမှာ ပြီးခဲ့သည့်နှစ်လအတွင်း  သေဆုံးသူများ ဖြစ်ကြောင်းသိရသည်။

အစိုးရက ကိုဗစ်-၁၉ လူနာများကို ထားရှိကုသရန်ပြင်ဆင်နေသည့် မင်္ဂလာဆောင်ခန်းမနှစ်ခုအနက် တစ်ခုမှာ ခုတင် ၁၅၀၀  ဆံ့ပြီး  နောက်တစ်ခုမှာ  ခုတင် ၁၈၀၀  ဆံ့ကြောင်း သတင်းဌာနများက ဖော်ပြထားသည်။

လက်ရှိတွင် ရောဂါကူးစက်မှုများကို လျှော့ချနိုင်ရေးအတွက် ဖနွမ်းပင်မြို့နှင့်အနီးဝန်းကျင်ရှိ ခရိုင်တစ်ခုကို ဧပြီ  ၁၇ ရက်မှစ၍ လော့ဒေါင်းချမှတ်ထားကြောင်း သိရသည်။

  Ref: TST