ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၃

ကရင်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည် အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်အမှုဆောင်အဖွဲ့ ဉက္ကဋ္ဌ ဗိုလ်ချုပ် မြဝင်း (အငြိမ်းစား)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင် နှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်အတွင်းမှ မြို့နယ်စစ်မှုထမ်းဟောင်းဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်အမှုဆောင်အဖွဲ့ ဉက္ကဋ္ဌ နှင့် ဒုတိယတိုင်းမှူးတို့က အဖွင့်အမှာစကားများအသီးသီးပြောကြားကြသည်။ ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်အမှုဆောင်အဖွဲ့ဉက္ကဋ္ဌက ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသတင်းရရှိသည်။