ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းမှ ခံစစ်မှူး ချီလီနီကို ဘာစီလိုနာအသင်း ခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်

 

ရောမ၊ ဘောလုံး

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံး ပြီး ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းမှ ဝါရင့်ခံစစ်မှူး ချီလီနီကို ဘာစီလိုနာအသင်းက   ခေါ်ယူရန်ချိတ်ဆက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သည့် ချီလီနီသည် ဖီအိုရင်တီးနားအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ၂၀၀၄ ခုနှစ်တွင် ပြောင်းရွှေ့လာသူဖြစ်ကာ အသင်းနှင့် ၁၇ နှစ်ကျော်ကြာ ကစားခဲ့ပြီးနောက် ဇွန်လအတွင်းက အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး ကလပ် အသင်း လက်မဲ့ဖြစ်နေသည်။

ချီလီနီသည် ကျင်းပပြီးစီးခဲ့သည့် ယူရို ၂၀၂၀ ပြိုင်ပွဲ၌ ပုံစံကောင်းများပြသနိုင်ပြီး အီတလီအသင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ကာ ချန်ပီယံဆု ရရှိခဲ့သော်လည်း  ဂျူဗင်တပ်စ်အသင်းက  စာချုပ်သစ် ထပ်မံချုပ်ဆိုခြင်းမရှိသောကြောင့်  ကလပ်အသင်း လက်မဲ့ဖြစ်နေခြင်းဖြစ်သည်။

လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင်  ဘာစီလိုနာအသင်းက  အသင်းဘဏ္ဍာရေးအခက် အခဲကြောင့် အလွတ်ပြောင်းရွှေ့ ကြေးဖြင့်ခေါ်ယူနိုင်မည့်  ကစားသမားများကိုရှာဖွေလျက်ရှိကာ အစောပိုင်းက ဒီပိုင်း၊ အဂူရိုနှင့် အီမာဆင် စသည့်ကစား သမားများ ကိုခေါ်ယူခဲ့ပြီး  ယခုအခါ  ချီလီနီကိုခေါ်ယူရန်   ချိတ်ဆက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။      

Ref:footballitalia