ကလေးတွေကိုကူးစက်မှုပိုမိုများပြားလာတဲ့ ဒယ်တာ၊ သတိထားနိုင်မှတော်ကာကျမယ့် ဒယ်တာ

ရုရှားနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့   မကြာသေးမီကထုတ်ပြန်ချက်မှာဆိုရင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေ ထဲကမှ ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိက   ကလေးတွေဖြစ်တယ်လို့ဆိုပါတယ်။အဲဒီကလေးတွေက ရောဂါမပြင်းထန် ဘူးဆိုသော်ငြား လည်း ကိုဗစ်-၁၉ ရောဂါပိုးရဲ့ ကလေးတွေကို  ကူးစက်နိုင်ခြေကို ကောင်းစွာသိရှိနိုင်စေဖို့နဲ့ သူတို့လို ကလေး တွေကြားမှာ ရောဂါပိုးပျံ့နှံ့မှုအခြေအနေကို ကောင်းစွာနားလည်နိုင်စေဖို့အတွက် သုတေသီတွေကတော့ သုတေသနတွေ ဆက်တိုက် လုပ်နေပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ကလေးငယ်တွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားရတာဟာ ကူးစက်မြန်ပြင်းထန်တဲ့ ဒယ်တာဗီဇပြောင်း ရောဂါပိုးကြောင့်ဖြစ်တယ်လို့ ဆေးပညာအသိုင်းအဝိုင်းက အခိုင်အမာယုံကြည်ထားပါတယ်။

ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကြောင့် ရောဂါကမပြင်းထန်ဘူးဆိုသော်ငြားလည်း တစ်ယောက်နဲ့တစ်ယောက်က မတူပြန်ပါဘူး။တွေ့ရသလောက်က   ကလေးငယ်အများစုဟာ ရောဂါမပြင်းထန်ဘဲ အချိန်တိုလေးအတွင်း   နာလန်ပြန်ထူနိုင်ချိန်မှာ အနည်းစုကတော့ အသက်ဆုံးရှုံးသွား ရပါတယ်။

အခုတစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးက ဒယ်တာဗီဇပြောင်းရောဂါပိုးဆိုတာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ သူ့ရဲ့အရည်အချင်းကတော့ မူလရောဂါပိုးလိုမဟုတ်ဘဲ ရောဂါပိုးအကောင်ရေအနည်းငယ်မျှလောက်နဲ့ ပြန်လည်ကူးစက် နိုင်စွမ်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အလွယ်တကူ ကူးစက်နိုင်စွမ်းက ရေကျောက်ရောဂါကဲ့သို့ဖြစ်တယ်ဆိုတာကိုလည်း သုတေသီ တွေက ထုတ်ပြန်ထားပြီးပါပြီ။

ရေကျောက်ရောဂါဆိုတာ လက်ရှိကမ္ဘာမှာရှိသမျှသော ရောဂါပိုးတွေထဲကမှ အလွယ်တကူကူးစက်နိုင်စွမ်း အမြင့်ဆုံး သော ရောဂါဖြစ်ပါတယ်။ဒါကြောင့် ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရသူတစ်ဦးချင်းစီဟာ သူ့အနီးအနားမှာရှိတဲ့ လူ ၉၀ ရာခိုင်နှုန်းကို တစ်မုဟုတ်ချင်းကူးစက်စေနိုင်တယ်လို့ အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကထုတ်ပြန်ထားတာပါ။

အရင်တုန်းက    လူတွေကြားမှာ ယုံကြည်မှုတစ်ခုရှိပါတယ်။ အဲဒါကတော့ ကလေးတွေကို ကိုဗစ်-၁၉ ရောဂါပိုး အလွယ်တကူ မကူးစက် နိုင်ဘူး။ တကယ်လို့ကူးစက်ခံရရင်လည်း ရောဂါလက္ခဏာတွေက သာမန်အအေးမိလက္ခဏာနဲ့အတူတူပဲလို့ ယုံကြည်ကြ တာပါ။

ဒီလိုယုံကြည်ကြတာကိုလည်း အပြစ်တော့ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါပိုးက အခုမှအသစ်ဖြစ် တာဖြစ်တဲ့ အတွက်   ဘာသုတေသနမှ မည်မည်ရရမရှိထားလို့ဖြစ်ပါတယ်။တကယ်တမ်းမှာကကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုရင် သာမန် အအေးမိလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ နှာရည်ယိုအပြင် တခြားလက္ခဏာတွေမရှိဘဲနဲ့ မွေးကင်းစ ကလေးတွေမှာ ဆိုရင်တော့ ငိုက်မျဉ်းခြင်း၊ အအိပ်အစားနည်းခြင်းတို့ကြုံတွေ့ရနိုင်သလို အဖျားလည်းရှိတတ်ပြီး ကိုယ်အပူချိန်က ၃၈ ဒီဂရီစင် တီဂရိတ် (၁၀၀ ဒသမ ၄ ဖာရင်ဟိုက်) ရှိနေတတ်တယ်လို့ မော်စကိုမြို့အပြင်ဘက်ရှိ လာပီနိုဆေးရုံမှ   ကလေးဆရာဝန်ဒေါက်တာ အန်တန်ရာဗဒင်ကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပြီဆိုရင် အမေးများတာက အနံ့ပျောက်လားဆိုပြီးတော့ဖြစ်ပါတယ်။ အနံ့ပျောက်ပြီဆိုရင်တော့ သေချာပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်နေပါပြီ။ ဒါပေမဲ့ အဲဒီလက္ခဏာက ဆယ်ကျော်သက်တွေအတွက်ပဲ မှန်ကန်နိုင်ပြီး သူတို့အနေနဲ့ အရွယ်ရောက်ပြီးသူတွေလိုမျိုးပဲ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေပြတယ်လို့  ဒေါက်တာအန်တန်ရာဗဒင်က ဆိုပါတယ်။

တချို့အသက် ၁၃၊ ၁၄ နှစ်ရှိတဲ့ကလေးတွေမှာ လူကြီးတွေလိုမျိုး   ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ   တစ်ခုမှမပြဘဲ အဆုတ်ကို ဆိုးဆိုးဝါးဝါးထိခိုက်သွားတဲ့ဖြစ်စဉ်တွေလည်းရှိပါတယ်။ သူတို့ဆိုရင် အမြဲတမ်းလိုလို ဆိုးဆိုးဝါးဝါးမူးဝေနေပြီး အဖျားကလည်း ကျသွားတယ်လို့မရှိဘဲ တာရှည်နေပါတယ်။

ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်တစ်ခုက ဘာလဲဆိုရင်  ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းတဲ့ ရောဂါဖြစ်ခြင်းပါပဲ။ ဖြစ်ရတဲ့အကြောင်းရင်းကတော့ ကိုယ်ခံအားကရောဂါပိုးကို အလွန်အမင်းတုံ့ပြန်မှုကြောင့်ပါ။

အဲဒီလိုဖြစ်ပြီဆိုရင် သွေးကြောလေးတွေရောင်လာမယ်။ နှလုံးဆီသွားတဲ့သွေးကြောလေးတွေရောင်လာပြီး လုံလောက်တဲ့ သွေးပမာဏ ကိုမသယ်ဆောင်နိုင်တဲ့အခါ နှလုံးအပေါ်  ဖိအားသက်ရောက်မယ်။ ဒီရောဂါကိုတော့အောင်မြင်စွာကုသနိုင်ပါတယ်လို့ ဒေါက်တာအန်တန်ရာဗဒင်ကပြောပါတယ်။

ဒီတော့ လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ ကိုဗစ်-၁၉  ရောဂါရဲ့  ပြင်းထန်မှုကသက်ရောက်မှုရှိပါတယ်။ အဓိကကတော့ ရောဂါပိုး အကောင်ရေများများနဲ့ ထိတွေ့လေ ရောဂါပိုပြီးပြင်းထန်လေပါပဲ။ဒါကြောင့် လူသူရှုပ်ထွေးရာနေရာတွေကိုမသွားကြဖို့ ကျွမ်းကျင် ပညာရှင်တွေက အကြံပြုတာပါ။ ဒါ့အပြင် တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေခြင်းနဲ့ နှာခေါင်းစည်းတပ်ခြင်းကိုလည်း မဖြစ်မနေလုပ် ဆောင်ကြဖို့ သူတို့က တိုက်တွန်းထားတာဖြစ်ပါတယ်။အနှစ်ချုပ်ကိုပြန်လည်သုံးသပ်ရမယ်ဆိုရင် ဒယ်တာဗီဇပြောင်းရောဂါပိုးက မွေးကင်း စကနေစလို့ ကလေးတွေအားလုံး ကို အလွယ်တကူကူးစက်နိုင်စွမ်းရှိပါတယ်။ များသောအားဖြင့် ရောဂါလက္ခဏာတွေက သာမန်အအေးမိလက္ခဏာတွေနဲ့  မတူပါဘူး။

ကလေးတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ရင် ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းမှုလည်းဖြစ်နိုင်ပါသေးတယ်။ ကလေးငယ်အများစုဟာ ရောဂါမပြင်းထန်ဘူးဆိုပေမယ့် သူတို့တွေက ရောဂါပိုးသယ်ဆောင်ဖြန့်ဖြူးသူတွေဖြစ်နိုင်ပါသေးတယ်။

ဒီအတွက်ကြောင့် ကိုဗစ်-၁၉ ရောဂါပိုး အထူးသဖြင့် ဒယ်တာဗီဇပြောင်းရောဂါပိုးနဲ့ပတ်သက်လာရင်   ဘယ်အသက် အရွယ်၊ ဘယ်လိုအခြေအနေမှာမှ ပေါ့ပေါ့ဆဆမနေဘဲ သတိအမြဲတမ်းရှိနေမှသာ တော်ကာကျနိုင်မှာဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။

Source: Sputnik