ကလေးမြို့တွင် CDM ပြုလုပ်ပြီး အကြမ်းဖက် NUG နှင့် ဆက်သွယ်လှုပ်ရှားခဲ့သည့် ကျောင်းဆရာမဟောင်း ပုံခမ်းကျယ် အပါအဝင် ၄ ဦးအား ဖမ်းဆီးရမိ

ကလေးမြို့တွင် CDM ပြုလုပ်ပြီး အကြမ်းဖက် NUG နှင့် ဆက်သွယ်လှုပ်ရှားခဲ့သည့် ကျောင်းဆရာမဟောင်း ပုံခမ်းကျယ် အပါအဝင် ၄ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် - ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စံသာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM ပြုလုပ်ခဲ့သူ ကျောင်းအုပ် ပုံခမ်းကျယ်နှင့် အခြား CDM ပြုလုပ်နေသူ ကျောင်းဆရာ/ ဆရာမများဖြစ်ကြသည့် အောင်ငြိမ်းချမ်း၊ သန်းသန်းစိုး၊ စန်းကိန် တို့ ၃ ဦးအား ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်၊ အိမ်အမှတ်(၈/၂၁)၌ ဩဂုတ် ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် တွေ့ရှိဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ဖမ်းဆီးရမိတရားခံ ပုံခမ်းကျယ်သည် NLD ပါတီမှ ရှားမီး (၂၀၁၅ ခုနှစ်၊ ကလေး မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ သန့်ဝေကျော်(၂၀၁၅ ခုနှစ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဟောင်း)တို့၏ ညွှန်ကြားချက်ဖြင့် ကလေးမြို့နယ်အတွင်းရှိ CDM ဝန်ထမ်းစာရင်းများ ကောက်ယူကာ CDM ဝန်ထမ်း ၁၅၄ ဦး ခန့်အတွက် မတ်လမှ ဇွန်လအထိ ၁ ဦးလျှင် တစ်လ ၅၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၄,၄၀၀,၀၀၀ ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း၊ ၎င်းငွေများအား သန့်ဝေကျော် က အလှူခံကာ ပေးပို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ပုံခမ်းကျယ်သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG အဖွဲ့ဝင်များ ဖြစ်သည့် ရည်မွန်၊ ခင်မမမျိုး၊ နိုင်ကောင်းရွက် တို့နှင့် Zoom Meeting များတွင် ပါဝင်ခဲ့ပြီး NUG ၏ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အချို့ပါဝင်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖွဲ့စည်းရေးတွင် PDF များအတွက် သင်တန်းစီစဉ်ဖွင့်လှစ်ရန်၊ တပ်စုဖွဲ့မှု ဆောင်ရွက်ရန်၊ လက်နက်တပ်ဆင်ပေးရန် တို့အားဆွေးနွေးခြင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် တပ်မဟာ (၅/၆/၇)တို့အား ဖွဲ့စည်းရန်နှင့် CNF နယ်မြေတွင် ဌာနချုပ်အဆောက်အဦဆောက်လုပ်ရန်၊ CNF ထံတွင် စစ်သင်တန်း (နည်းပြ) ဖွင့်လှစ်သင်ကြားပြီး ဆင့်ပွားသင်တန်းအားနေရာ ၁၂ နေရာခွဲ၍ ဖွင့်လှစ်ရန် တို့အား ပါဝင်ဆွေးနွေးခြင်း၊ PDF များ၏ သင်တန်းဆင်းပွဲများသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ကျန်ဆရာ၊ ဆရာမ ၃ ဦးဖြစ်သည့် အောင်ငြိမ်းချမ်း၊ သန်းသန်းစိုးနှင့် စန်းကိန် တို့သည် CDM တွင် ပါဝင်လှုပ်ရှားခြင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေသည့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG ထံမှ ထောက်ပံ့ငွေရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်၍ ပုံခမ်းကျယ်နှင့် ဆက်စပ်တရားခံ ၃ ဦးတို့အား နိုင်ငံသားအစုအဖွဲ့ ကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ၊ ကြောက်ရွံ့စေလျှင်၊ သို့မဟုတ် ကြောက်ရွံ့စေရန်ကြံရွယ် ခဲ့သောကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အရလည်းကောင်း၊ အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သည့် NUG နှင့် ဆက်သွယ်ဆောင်ရွက်မှုကြောင့် မတရားအသင်းဥပဒေ ပုဒ်မ-၁၇(၁) အရလည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။