ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများက ဝတ္တရားပျက်ကွက်နေဟုဆို

ဂျီနီဗာ၊ ကျန်းမာရေး

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများက ဝတ္တရားပျက်ကွက်နေသည့်အတွက် ရောဂါကူးစက်ခံရနိုင်ခြေနည်းသောလူအုပ်စုများက ကာကွယ်ဆေး ထိုးနေစဉ်ဆင်းရဲသောနိုင်ငံများက ကာကွယ်ဆေးရရှိခြင်းပင်မရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောသည်။ လက်ရှိအချိန်တွင် ဒယ်တာဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးက တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် ပျံ့နှံ့နေစဉ် ပြီးခဲ့သည့်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက ယခုသီတင်းပတ်တွင် ရောဂါကူး စက်ခံရသူနှင့် သေဆုံးသူအရေအတွက် ၄၀ ရာခိုင်နှုန်းမြင့်တက်လာသည့် အာဖရိက နိုင်ငံရှိအခြေအနေကအလွန်စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ထို့ပြင် လတ်တလောကြုံတွေ့နေရသည့် အခြေအနေမှာ တရားမျှတမှုမရှိခြင်း၊ ညီမျှမှု မရှိခြင်းတို့ဖြစ်ကြောင်းနှင့် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ကာကွယ်ဆေး များပေးရန် ၎င်းကတောင်းဆိုထားသည်။ ဂါဗီအဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် ကာကွယ်ဆေးခွဲတမ်းအစီအစဉ်က ဖေဖော်ဝါရီလမှစ၍ နိုင်ငံပေါင်း ၁၃၂ နိုင်ငံသို့ ကာကွယ်ဆေး သန်း ၉၀ ကို ပေးပို့ပြီးဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင် မည်သည့်ကာကွယ်ဆေးတစ်လုံးမျှ ရရှိတော့ခြင်းမရှိသည့်အတွက် ကာကွယ်ဆေးများပြန်လည် ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်းသိရ သည်။