ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၊ လွိုင်ကော်မြို့ရှိ ရတနာသီရိ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယားပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၊ လွိုင်ကော်မြို့ရှိ ရတနာသီရိ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို

နေပြည်တော်၊ မတ် - ၁၅

ကယားပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဦးခွန်စံလွင်၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ကယားပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က ကယားပြည်နယ် အတွင်းရှိ ဆောင်ရွက်လျက်ရှိသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဉက္ကဋ္ဌ ဦးထွန်းနိုင်စိုး ၊ ဆီစက် လုပ်ငန်းရှင် ဦးလှသောင်း၊ ပြောင်းအခြောက်ခံစက်နှင့်သဘာဝမြေဩဇာထုတ်ယူခြင်း လုပ်ငန်းရှင် ဒေါ်သန်းသန်းနု၊ လွိုင်ကော်စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးဝင်းဇော်ထွန်း၊ ကယားပြည်နယ် ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးသိန်းလွင်၊ စိုက်ပျိုးရေးလုပ်ငန်းရှင် ဒေါ်မေသူဇော်နှင့် ကြက်၊ ဝက် မွေးမြူရေး လုပ်ငန်းရှင် ဦးခွန်ကျော်စိုးမိုးနိုင် တို့က လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနများ အလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးမှု၊ လုပ်ငန်းအတွက် ချေးငွေ ရယူလိုမှုနှင့်ပတ်သက်၍လုပ်ငန်းရှင်များအနေဖြင့် ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ပြဆောင်ရွက်နိုင်မှု၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမ အသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့် အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမှု၊ သွင်းအားစု ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လက်အောက်ရှိ နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနများအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အားပေးဆောင်ရွက်လျက်ရှိမှုစသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည်ရှင်းလင်းကြသည်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး တို့နှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် အလေးထားစိတ်ဝင်စားလျက်ရှိပြီး လိုအပ်သည်များကို အမြဲစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နယ်မြေအခြေအနေနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများကို နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြည်နယ်အစိုးရ အဖွဲ့ များနှင့် မပြတ်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် အေဂျင်စီများ ဖွဲ့စည်းမှုဖြင့် ရပ်တန့်နေ၍မရဘဲ လုပ်ငန်းများ အမှန်တကယ် လည်ပတ်နိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ Member Card နှင့် ပတ်သက်၍ MSME လုပ်ငန်းများအပြင် အခြားလုပ်ငန်းရှင်အားလုံး ပြုလုပ်ထားရန်လိုကြောင်း၊ Member Card သည် အခွင့်အရေးများစွာရှိပြီး လေ့ကျင့်သင်ကြားမှု၊ ဈေးကွက်ရရှိမှု များအပြင် နိုင်ငံတကာအထိ ပြပွဲ၊ ပြိုင်ပွဲများတွင် ခင်းကျင်းပြသနိုင်ရန် အခွင့်အလမ်း များရှိ၍ လုပ်ငန်းရှင်များအနေဖြင့် ပြုလုပ်ထားရန်လိုကြောင်း၊ Human Resources နှင့် ပတ်သက်၍ MSME နှင့်ဆက်နွယ်သော ဝန်ကြီးဌာနများအလိုက် Website များ ဖွင့်လှစ်ထားရှိပြီး သင်တန်းများ ဖွင့်လှစ်ပေးနေမှုများကို လေ့လာကြည့်ရှုနိုင်ကြောင်း၊ စက်မှုဇုန်အတွင်း လုပ်ငန်း ၆၂ ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ဆောင်ရွက်ရာတွင်လည်း ဒေသထွက်ကုန်ကြမ်းကို အခြေခံ၍ အရည်အသွေးကောင်းသည့် ကုန်ချော ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့နိုင်သည် အထိ ဆောင်ရွက်ရန်လိုကြောင်း။
ကယားပြည်နယ်၏ အဓိက ထွက်ကုန်ကြမ်းများဖြစ်သော ပြောင်း၊ ဆန်မွှေး၊ ငရုတ်၊ ဖာလာ စသော ကုန်ကြမ်းများစွာရှိ၍ ၎င်းတို့ကို အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလျင်အမြန် အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ One Region - One Product အရ ဒေသ၏ နာမည်ကြီးထုတ်ကုန်ဖြစ်သော ဝက်အူချောင်း၊ အထည်များ ထွက်ရှိရာ ထုတ်ပိုးမှု အဆင့်မီအောင် မြှင့်တင်၍ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရန် လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ သုံးစွဲရမည့် အရင်းအနှီး၊အစာ ၊ ထုတ်ကုန်ဖြစ် သော နေရာ၊ လုပ်သားအတွက် စနစ်တကျစဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ ဉပမာ အနေဖြင့် ကာကီကင်းဘဲ မွေးမြူရေးလုပ်ငန်းသည် နေရာ ၊ အရွယ်အစား အနည်းငယ်ဖြင့် အရေအတွက်များစွာ မွေးမြူနိုင်ပြီးနေရာကျဉ်းကျဉ်း လူနည်းနည်းဖြင့် ဝန်ကျဉ်းစွာဖြင့် ဆောင်ရွက် နိုင်ကြောင်း၊ လိုအပ်သည့် နည်းပညာများ ရယူလိုပါက စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆန်မွှေးနှင့်ပတ်သက်၍ ထုတ်ကုန်အရည်အသွေး သည် အရေးကြီးကြောင်း၊ ထုတ်ကုန်များသည် (Good Manufacturing Practices ) နှင့် (Good Agricultural Practices) ရှိသည်နှင့် မရှိသည့် ကွာခြားမှုရှိပြီး ပစ္စည်း တူသော်လည်း ဈေးနှုန်းရရှိမှုမှာ အဆမတန်ကွာခြားကြောင်း၊ ဈေးကွက်ရရှိမှု ကွာခြား သဖြင့် GMP/GAP သင်တန်းများ မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း၊ အလားတူ နိုင်ငံခြားပို့ကုန်များနှင့်ပတ်သက်၍ အရည်အသွေးအာမခံ အန္တရာယ် ကင်းရှင်းမှု အတွက် FDA လက်မှတ်သည်လည်း ပြည်ပဈေးကွက် အတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကယားပြည်နယ်သို့ ငွေကျပ် ၁၀ ဘီလီယံ အရင်းမပျောက်မတည် ပေးထားကြောင်း၊ ကယားပြည်နယ်အနေဖြင့် အခြားပြည်နယ် များနှင့် တပြေးညီ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်ရန် စေတနာဖြင့် ဒေသခံပြည်သူများ အတွက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း။
ချေးငွေ ရယူမှုနှင့် ပတ်သက်၍ ပြန်လည်ပေးဆပ်ရန်မှာ အရေးကြီးကြောင်း၊ သို့မှသာ ထပ်မံလုပ်ကိုင်လိုသူများအတွက် ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ MSME အတွက် လိုအပ်သော အဓိက အချက်မှာ အရင်းအနှီးဖြစ်ပြီး ချေးငွေရယူ လိုကြောင်း တင်ပြလာသည်ကို တွေ့ရကြောင်း၊ ချေးငွေတင်ပြသူများတွင် ယခင်ကြွေးမှီကို ပေးဆပ်ရန် ကျန်သူ အများစုကို တွေ့ရှိရကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ပတ်သက်၍ ထုတ်လုပ်မှု၊ စီမံခန့်ခွဲမှု၊ ဈေးကွက် စသော ကုန်ထုတ်လုပ်မှုအဆင့်ဆင့် အတွက် ကျွမ်းကျင်လုပ်သား ရရှိရန်မှာ အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အားလုံးတွင် ကုန်ကြမ်းမှ ဈေးကွက် ရောက်သည်အထိ အဆင့်လိုက်တွင် ကျွမ်းကျင်သူများ လိုအပ်ကြောင်း၊ MSME လုပ်ငန်းကော်မတီများတွင် Website များ ရှိ၍ သင်တန်းဆိုင်ရာ လေ့ကျင့်မှုများအတွက် တင်ပြတောင်းခံရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းမှုများရှိခဲ့ပြီး စက်ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရန်မှာ အနည်းဆုံး KG+9 အဆင့် အောင်မြင်ရန်လိုကြောင်း၊ သို့မှသာ Vocational Training မှတစ်ဆင့် အဆင့်မြင့် ပညာရေးနှင့် လုပ်ငန်းခွင်များအထိ ဆက်လက် သွားနိုင်မည်ဖြစ်ကြောင်း။
သွင်းအားစုနှင့်ပတ်သက်၍ လုပ်ငန်းအလိုက် အမျိုးအစားများစွာရှိကြောင်း၊ လျှပ်စစ်၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသဖြင့် ရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်နှင့်ပတ်သက် ၍ နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးမှုများရှိသကဲ့သို့ ဒေသအလိုက် ဖြစ်နိုင်သည့် နေစွမ်းအင်သုံး လျှပ်စစ်၊ ရေအားလျှပ်စစ်များကိုလည်း တစ်ပိုင်တစ်နိုင် ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင် ကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ်နိုင်ငံခြားငွေ များစွာ သုံးစွဲနေရသဖြင့် ချွေတာသုံးစွဲရန် နိုင်ငံတော်ဝန်ကြီးချုပ်မှလည်း လမ်းညွှန်မှာကြား ထားကြောင်း။
MSME အဓိက ဦးတည်ချက်သည် ဒေသကုန်ကြမ်းကို အခြေခံထုတ်လုပ်၍ ပြည်ပသို့ ပို့နိုင်သည်အထိ အရည်အသွေးကောင်းရန်လိုကြောင်း၊ ထိုသို့ MSME လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကုန်ကြမ်းထုတ်လုပ်သူ ၊ ကုန်ချောထုတ်လုပ်သူ၊ ရောင်းဝယ်သူ အားလုံးအကျိုးရှိမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် လည်း ရရှိသည့် အခွန်ဝင်ငွေဖြင့် ဝန်ထမ်းများအား လုပ်ခလစာများနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME သည် အဓိကအရေးကြီးပြီး Importer အဆင့်မှ ပြည်ပသို့ တင်ပို့သူ Exporter အဖြစ် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအထိ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က လက်ခံရယူခဲ့သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဒေသ ထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှု ထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ လွိုင်ကော်မြို့ရှိ ဉတ္တရာရုံကျောင်းတိုက်သို့ သွား ရောက်ကာ ရတနာသီရိကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ဆရာတော် သံဃာတော်များအား ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရတနာသီရိကျောင်းဆရာတော်ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် ဆရာတော်ကြီးများ ထံသို့ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကြပြီး ဆရာတော် များထံမှ ဆုံးမဩဝါဒများနာယူခဲ့ကြကြောင်း သတင်းရရှိသည်။