ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် ၅

၂၀၂၂ခုနှစ်(၆၁)ကြိမ်မြောက်ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကိုယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်အားကစားကွင်း၌ပြုလုပ် ရာတပ်မတော်(လေ) မှအရာရှိကြီးများ၊အရာရှိ/စစ်သည်၊မိသားစုဝင်များ၊ တပ်မတော် ပြေးခုန်ပစ်အဖွဲ့မှတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှု့များကို ကြည့်ရှု့အားပေးကြသည်။
ထို့နောက်ဆုပေးပွဲကိုဆက်လက်ကျင်းရာဆုရရှိသောအားကစားသမား များ အားတာဝန်ရှိသူများမှလည်းကောင်း၊တံခွန်စိုက်ဒိုင်းဆုရရှိသောအသင်းအားကာကွယ် ရေးဦးစီချုပ်(လေ) ကိုယ်စား လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်ချုပ် စိုးအောင် ကလည်းကောင်းဆုများအသီးသီး ပေးအပ်သည်။
အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ဩဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲကြောင်း သတင်းရရှိသည်။