ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအကျိုးဆက်များကြောင့်အခြေခံစားကုန်နှင့် အိမ်သုံးဆေးဝါး များဝယ်ယူရရှိမှုအခက်အခဲမရှိစေရန်အတွက် ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် ဈေးနှုန်းသက်သာစွာဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိ

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုအကျိုးဆက်များကြောင့်အခြေခံစားကုန်နှင့် အိမ်သုံးဆေးဝါး များဝယ်ယူရရှိမှုအခက်အခဲမရှိစေရန်အတွက် ရွေ့လျားဈေးကား Mobile Market စနစ်ဖြင့် ဈေးနှုန်းသက်သာစွာဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂၃

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံများ တွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရလျက်ရှိပြီး စားရေးအခက်အခဲများနှင့် အခြေခံ အိမ်သုံး ဆေးဝါးအခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့လျက်ရှိကာနည်းလမ်းအမျိုးမျိုး ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေး အဘက်ဘက်မှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရ သည့် စားရေးနှင့် အခြေခံအိမ်သုံးဆေးဝါးများ အလွယ်တကူဈေးနှုန်းသက်သာစွာဖြင့် ဝယ် ယူ သုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ပေးလျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ပေးလျက် ရှိရာ လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အတွင်း စားရေးအခက်အခဲမရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှု နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၊ ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများက ရွေ့လျားဈေး ကား Mobile Market စနစ်ဖြင့် အခြေခံစားကုန်များကို မြို့နယ်အသီးသီးရှိ ဝန်ထမ်း အိမ်ရာများ၊ လူနေရပ်ကွက်များသို့ သက်သာသောဈေးနှုန်းများဖြင့် သွားရောက် ရောင်းချ ပေး နိုင်ခဲ့ခြင်းကြောင့်စားရေးအခက်အခဲဖြစ်ပေါ်နေမှုများကို တစ်ဖက်တစ်လမ်းမှ ဖြေလျော့ ပေးနိုင်ခဲ့သည်။
ထို့ပြင်ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရေး၊ ဆေးဝါးများအား အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာဝယ်ယူရရှိနိုင်စေရန်အတွက်လည်း အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၁၀၄/၁၀၈ )၌ ဩဂုတ် ၁၉ ရက်မှစ၍ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီ ၂၇ ခုမှ အိမ်သုံးဆေးဝါး ၃၂၃ မျိုးကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးနိုင်ခဲ့သည်။
ယနေ့တွင်လည်း တာမွေမြို့နယ်၊ တောင်ဉက္ကလာပမြို့နယ်၊ မြောက်ဉက္က လာပမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လှည်းကူးမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် သာကေတမြို့နယ်များ၌ အခြေခံစားကုန် များကိုလည်းကောင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်းအမှတ်(၁၀၄/၁၀၈)နှင့် ပန်းဘဲတန်း မြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနအဆောက်အဦတို့၌ ဆေးနှင့် ဆေးပစ္စည်းရောင်းချသော ကုမ္ပဏီ ၄၃ ခုမှ အိမ်သုံးဆေးဝါး ၄၄၉ မျိုးကိုလည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိရာ မိဘပြည်သူများအနေဖြင့် လွတ်လပ်စွာ ဝယ်ယူခဲ့ကြကြောင်း သတင်း ရရှိသည်။