ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တပ်မတော်(ရေ)အောက်ဆီဂျင်စက်ရုံများမှအောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်နေ

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တပ်မတော်(ရေ)အောက်ဆီဂျင်စက်ရုံများမှအောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဝေနိုင်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင်လ ၃၁ ရက်

    
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော တပ်မတော်ဆေးရုံများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ၊ မြို့နယ် ပြည်သူ့ဆေးရုံများ၊ အရပ်ဘက်ပရဟိတအဖွဲ့အစည်းများနှင့်  အရေးပေါ်လူနာများအား လိုအပ်သောအောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ရေးအတွက် တပ်မတော်(ရေ) ရေတပ်သင်္ဘော ကျင်းဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ဌာနချုပ်များတွင် အောက်ဆီဂျင်စက်ရုံများတည်ဆောက် တပ်ဆင်လျက်ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ သန်လျင် မြို့နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်(သီလဝါ)တွင် ယခုထပ်မံအသစ်တပ်ဆင်လျက် ရှိသည့် KZO 100 Oxygen Plant မှ တစ်နာရီလျင် ၁၀၀ ကုဗမီတာနှုန်းဖြင့် တစ်ရက်လျင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၄၀၀ အထိ ထပ်မံတိုးမြင့်ထုတ်လုပ်၍ လည်းကောင်း၊  ဓညဝတီရေတပ်စခန်းဌာနချုပ်၊ ကျောက်ဖြူ မြို့နယ်ရှိ စစ်တောတွင် တပ်ဆင်လျက်ရှိသော အောက်ဆီဂျင်စက်ရုံမှ တစ်နာရီလျင် ၅၀ ကုဗမီတာနှုန်းဖြင့် တစ်ရက်လျင် ၄၀လီတာဆံ့ အောက်ဆီဂျင်အိုး ၂၀၀ အားလည်းကောင်း၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ်၊ ကျွန်းစုမြို့နယ်တွင်တပ်ဆင်လျက်ရှိသော အောက်ဆီဂျင် စက်ရုံမှ တစ်နာရီလျင် ၃၀ ကုဗမီတာနှုန်းဖြင့် တစ်ရက်လျင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၂၀ လုံးတို့အားလည်းကောင်း အသီးသီးထုတ်လုပ် ပေးနိုင် မည်ဖြစ်ပြီး အဆိုပါအောက်ဆီဂျင်စက်ရုံများမှ  သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော် ဆေးရုံများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများ၊ မြို့နယ်ပြည်သူ့ဆေးရုံများ၊ အရပ်ဘက်ပရဟိတအဖွဲ့အစည်းများနှင့် အရေးပေါ်လူနာများသို့ ဖြန့်ဖြူး ပေးသွားနိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။