ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးက ကလေးများတွင် ထိရောက်မှုရှိ၊ မရှိ အောက်စဖို့တက္ကသိုလ်လေ့လာမည်

လန်ဒန်၊ ကျန်းမာရေး

အောက်စဖို့တက္ကသိုလ်က အက်စထရာဇီနီကာကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်သော ကိုဗစ်-၁၉  ရောဂါကာ ကွယ်ဆေးသည် ကလေးငယ်များတွင် ဘေးကင်းစိတ်ချရမှုရှိ၊ မရှိနှင့် ကိုယ်ခံအားတုံ့ပြန်မှုရှိ၊ မရှိကို ပထမဆုံးအကြိမ် လေ့လာမည်ဖြစ်ကြောင်း ထိုတက္ကသိုလ်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

အသက် ၆ နှစ်နှင့်  ၁၇  နှစ်ကြားရှိကလေးငယ်များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ထိရောက်မှု ရှိ၊ မရှိကို   အလယ်အလတ်အဆင့်  လက်တွေ့စမ်းသပ်မှုတွင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အောက်စဖို့တက္ကသိုလ် ၏  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုကဲ့သို့ စမ်းသပ်မှုပြုလုပ်ရာတွင် ပါဝင်လိုသူ အယောက် ၃၀၀ နီးပါးက စာရင်းပေးထားပြီး  ယခုလတွင်   ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်းပြုလုပ်သွားမည်ဖြစ်သည်။

အောက်စဖို့တက္ကသိုလ်နှင့် အက်စထရာဇီနီကာကုမ္ပဏီထုတ်ကာကွယ်ဆေးသည် ဈေးသက်သာပြီး အခြား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထက် ဖြန့်ဖြူးရန်လွယ်ကူသဖြင့်  ကမ္ဘာကြီးအတွက် အကောင်းဆုံး ကာကွယ်ဆေး အဖြစ် ကြိုဆိုဂုဏ်ပြုခံထားရသည်။

အက်စထရာဇီနီကာကုမ္ပဏီသည် ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၃ ဘီလီယံထုတ်လုပ်ရန်  ရည်မှန်းထားကြောင်းသိရသည်။            

Ref: TST