ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ဆေးထိုးအပ်များမြစ်ကြီးနားမြို့နှင့်ဗန်းမော်မြို့များသို့ တပ်မတော်လေယာဉ် များဖြင့် ဆက်လက်ပို့ဆောင်

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်ဆေးထိုးအပ်များမြစ်ကြီးနားမြို့နှင့်ဗန်းမော်မြို့များသို့ တပ်မတော်လေယာဉ် များဖြင့် ဆက်လက်ပို့ဆောင်

 
နေပြည်တော်၊ သြဂုတ် - ၉

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောက်ကြည့်ရမည့်သူများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှု့ရေးအသင်းအဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျှက်ရှိရာ ၄င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး သိုလ်လှေင်အခန်းတွင် တားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharmများနှင့်ဆေးထိုးအပ်များအား သတ်မှတ် အအေးလမ်ကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ.နံနက်ပိုင်းတွင် တပ်မတော်လေယာဉ် ရဟတ်ယာဉ်တို့ဖြင့် မြစ်ကြီးနားမြို့နှင့်ဘန်းမော်မြို့များသို့ပို့ဆောင်ပေးသည်။
ထိုသို့ပို့ဆောင်ပေးရာတွင် မြစ်ကြီးနားမြို့သို့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ၁၂ ပုံး၊အလုံးရေ ၃၇၀၀ လုံးနှင့်ဆေးထိုးအပ် ၁၀၆၀၀ ချောင်းတို့အားလည်းကောင်း၊ ဘန်းမော်မြို့သို့.ကိုဗစ်-၁၉.ရောဂါကာကွယ်ဆေး ၃ ပုံး ၊အလုံးရေ ၁၀၀၀ လုံးနှင့်ဆေးထိုးအပ် ၂၀၀၀ ချောင်းတို့အားလည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။ ထိုသို့ ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဉီးတည်အုပ်စု၊ လူဉီးရေဉီးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ချင်းဖြစ်ပြီး ဝေးလံခက်ခဲသောဒေသများသို့ တပ်မတော်(လေ)ရှိ ပို့ဆောင်ရေးလေယာဉ်များနှင့် မြန်မာ့လေကြောင်းတို့၏အကူအညီများ ရယူကာ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။