ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

နေပြည်တော်၊ ဩဂုတ်- ၇

ကချင်ပြည်နယ်အတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အစည်း အဝေး ခန်းမ၌လည်းကောင်း၊ ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေိ့ပိုင်း)အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ကာကွယ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည် နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အရှေ့ တောင်တိုင်းစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသ ကြီး၊ သဘောဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ လည်းကောင်း၊ ရခိုင်ပြည် နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တောင်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ လည်းကောင်း အသီးသီး ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်း စစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြ သူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ် ရေး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။