ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်

နေပြည်တော်၊စက်တင်ဘာ - ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကော့သောင်းမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးအုပ်မှူးရုံး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လည် ကောင်း အသီးသီး ပြုလုပ်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက အဖွင့်အမှာ စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြ သူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။