ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထွက်ပေါ်လာသော ပဋိပစ္စည်းများက အနည်းဆုံးကိုးလကြာမြင့်ဟုဆို

စတော့ဟုမ်း၊ ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအနက်အများစုတွင် ထိုရောဂါကူးစက်ခံရ ပြီးနောက် ထွက်ပေါ်လာသော ရောဂါကာ ကွယ်နိုင်သည့် ပဋိပစ္စည်းများက အနည်းဆုံးကိုးလကြာသည်အထိတည်ရှိနိုင်ကြောင်း ဆွီဒင်နိုင်ငံရှိ ဒန်ဒတ်ဆေးရုံနှင့်ကာရိုလင် စကာအဖွဲ့အစည်း၏ လေ့လာမှုတစ်ရပ်အရ သိရသည်။

ထိုအဖွဲ့အစည်းသည် ပြီးခဲ့သည့်နှစ်နွေဦးရာသီတွင် ထိုလေ့လာမှုကိုစတင်ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်း များတွင်ဖြစ်ပေါ်သည့် ရေရှည်ကိုယ်ခံအားစနစ်တည်ရှိမှုကို လေ့လာခဲ့ခြင်းဖြစ်သည်။

လေ့လာမှု၏တတိယအဆင့်တွင် လေ့လာမှု၌ပါဝင်သော ရောဂါကူးစက်ခံရပြီးနောက် ပဋိပစ္စည်းများထွက်ရှိသူ အယောက် ၃၇၀ အနက် ၉၆ ရာခိုင်နှုန်းတွင် ထိုပဋိပစ္စည်းမှာ ကိုးလကျော်အထိခံသည်ကို တွေ့ရခြင်းဖြစ် ကြောင်း သုတေသီများက ပြောသည်။

ပိုမိုအားရကျေနပ်ဖွယ်ကောင်းသောအချက်မှာ ထိုပဋိပစ္စည်းများသည် ကနဦး ထင်မြင်ထားသည်ထက် ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ခြင်းဖြစ်ကြောင်း သုတေသန ပညာရှင်များကပြောသည်။

လေ့လာမှုတွင်ပါဝင်သူများကို အပတ်စဉ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုအရ ၎င်းတို့အနက် တစ်ရာခိုင်နှုန်း နီးပါးသာ ရောဂါ ထပ်မံကူးစက်ခံရသည်ကိုတွေ့ရသည်။

ရောဂါကာကွယ်သော ပဋိပစ္စည်းများသည် သတ်မှတ်အတိုင်းအတာ တစ်ခုအထိသာ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပြီး ထိုပဋိပစ္စည်းများရှိသူ အများအပြားသည် ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ရောဂါကို သယ်ဆောင်နိုင်စေကြောင်း ပညာရှင်များက ကနဦးယူဆခဲ့ခြင်း ဖြစ်သည်။

လေ့လာမှုတွင်ပါဝင်ပြီး ပဋိပစ္စည်းထွက်ရှိ သူများအနက် သုံးပုံတစ်ပုံတွင် တီကလာပ်စည်းဟုခေါ်သော ဗိုင်းရပ်ကိုမှတ်မိသည့် ကလာပ်စည်းလည်းရှိကြောင်း သိရသည်။

Ref: Sputnik