ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားသော်လည်း ကမ္ဘာ့မြို့ငါးမြို့၌ လေထုညစ်ညမ်းမှု ကြောင့် လူထောင်ပေါင်းများစွာသေဆုံး

ကွာလာလမ်ပူ၊ လေထုညစ်ညမ်းမှု

ကမ္ဘာတစ်ဝန်း၌ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အသွားအလာကန့်သတ်ချက်များ ချမှတ်ထားသော်လည်း    ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ငါးမြို့၌  လေထုညစ်ညမ်းမှုကြောင့် လူထောင်ပေါင်းများစွာ သေဆုံးကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။

ထို့ပြင် အစိုးရများအနေဖြင့် ရုပ်ကြွင်းလောင်စာများကိုစွန့်ပစ်ပြီး အစိမ်းရောင်ဖွံ့ဖြိုးရေးတွင်ရင်းနှီးမြှုပ်နှံရန် သုတေသန ပညာရှင်များက တိုက်တွန်းထားသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်ရေးအဖွဲ့ဖြစ်သည့် အရှေ့တောင်အာရှအစိမ်းရောင်ငြိမ်းချမ်းရေးအဖွဲ့နှင့် AQAir လေထုအရည်အသွေး နည်းပညာကုမ္ပဏီတို့အနေ ဖြင့် အချက်အလက်ရရှိနိုင်မှုနှင့် ပထဝီဝင် အကျယ်တို့ကိုရွေးချယ်၍ မြို့ ၂၈ မြို့မှလေထုညစ်ညမ်းမှုအဆင့်များ ကိုတိုင်းတာခဲ့ခြင်းဖြစ်သည်။

လူဦးရေအထူထပ်ဆုံးမြို့ငါးမြို့၌ နယူးဒေလီ၊ မက္ကဆီကိုစီးတီး၊ ဆောင်ပေါင်လို၊ ရှန်ဟိုင်းနှင့် တိုကျိုမြို့တို့ ပါဝင်ပြီး  ထိုနေရာများ၌ လေထုညစ်ညမ်းမှုကြောင့် လူ ၁၆၀၀၀၀ ခန့်သေဆုံးကာ အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံတန်ဖိုးရှိသော စီးပွားရေးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လအနည်းငယ်ကြာ အသွားအလာကန့်သတ်ထားသော်လည်း လူအများထိတွေ့နေသော လေထုညစ်ညမ်းမှု အခြေအနေမှာ ပျမ်းမျှအောက်သို့ကျဆင်းခြင်းမရှိကြောင်း ဗြိတိန်နိုင်ငံ၏ အိတ်စတာတက္ကသိုလ်ရှိ အစိမ်း ရောင်ငြိမ်းချမ်းရေး သုတေသနဓာတ်ခွဲခန်းများမှ လေထုညစ်ညမ်းမှုဆိုင်ရာ သိပ္ပံပညာရှင် ဒေါက်တာ အစ်ဒန်ဖားရိုးက ပြောသည်။

လေထုညစ်ညမ်းမှုသည် ကမ္ဘာ့လူသားကျန်းမာရေးအတွက် တစ်ခုတည်းသော အကြီးမားဆုံး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ဖြစ်ပြီး နှစ်စဉ်ခန့်မှန်းခြေအားဖြင့် လူခုနစ်သန်းသေဆုံးကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း၏   ထုတ်ပြန်ချက်အရ သိရသည်။                   

Ref: TST