ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်

 
နေပြည်တော်၊ ဇူလိုင် ၁၉

 
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီနှင့် လူမှုရေးအသင်းအဖွဲ့များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 
ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့်တိုင်းမှူးတို့က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးတားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများ၊ ပြည်သူများ ကျန်းမာရေးအသိ ရှိစေရန်အတွက် ပညာပေး အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များက ရောဂါကာကွယ် တားဆီးရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ Quarantine Center များ ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူး တို့က ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ Volunteers များအတွက် ကြက်ဉများ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။