ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၂၄

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်မှုမခံရစေရေး အတွက် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အပြင် ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့်မပြုလုပ်ရန်၊  လက်ကိုဆပ်ပြာနှင့်   မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်းမပြုလုပ်ရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို   တိကျစွာလိုက်နာရန် စသည့်အသိပေးနှိုးဆော်မှုများကိုပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)