ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ်- ၃
    

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွား မှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြိုနယ်များ၌ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးကြောခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြား ချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန်စသည့် အသိပေးနှိုးဆော်မှုများကိုပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။