ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၉

ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး  ရောဂါကူးစက်မှု မခံရစေရေး အတွက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက အပြင်ထွက်တိုင်း Mask  တပ်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ ဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့်  လက်ကို သန့်စင်ခြင်းများပြုလုပ်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန်စသည့်အသိပေးနှိုးဆော်မှုများကို  ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။