ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလအတွင်း စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၅

ပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ အနုသုခုမပညာရပ်များဖြင့် ဖျော်ဖြေတင်ဆက် ပြီး နိုင်ငံတော်၏ အနုပညာကဏ္ဍတိုးတက်အောင်လုပ်ဆောင်နေကြသည့် အနုပညာ ရှင်များ၊ ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်နေကြသူများသည် အနုပညာလုပ်ငန်းများ လုပ်ကိုင်နေမှသာလျင် အဆင်ပြေကြသူများဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အလုပ်အကိုင်ရှားပါးလျက်ရှိသဖြင့် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေ နှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။
ထိုသို့ထောက်ပံ့ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ သည့် သက်ကြီးအနုပညာရှင် ဒါရိုက်တာ ၅ ဦး၊ သရုပ်ဆောင် ၄ ဦး၊ ဇာတ်ပို့၊ ဇာတ်ရံ ၁၀ ဦး၊ ဇာတ်ညွှန်း ၄ ဦး၊ စက်မှု ၅ ဦး၊ တည်းဖြတ် ၁ ဦး၊ ကင်မရာ ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ဆန်၊ ဆီ၊ ကြက်ဉ၊ တပ်မ တော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အဆိုပါသက်ကြီးအနုပညာရှင် တစ်ဦးချင်းစီ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ကြီး အနုပညာရှင်များ က ဝမ်းပန်းတသာ လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြ သည်။
အဆိုပါ သက်ကြီးအနုပညာရှင်များအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၃၂၄ သိန်းကျော်ဖြစ်ကြောင်းနှင့် စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် အခြား သက်ကြီးအနုပညာရှင်များကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။