ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ဆေးထိုးအပ်များ မြစ်ကြီးနား၊ စစ်တွေနှင့်သံတွဲမြို့များသို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့်ဆက်လက်ပို့ဆောင်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ဆေးထိုးအပ်များ မြစ်ကြီးနား၊ စစ်တွေနှင့်သံတွဲမြို့များသို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့်ဆက်လက်ပို့ဆောင်

ရန်ကုန် ဇူလိုင်- ၃၀

လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျှက်ရှိရာ ၎င်း လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ တိုးချဲ့ ကာကွယ်ဆေး ဆေးသိုလှောင်အအေးခန်းတွင်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm များနှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများ အတိုင်း ယနေ့နံနက်ပိုင်းတွင် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်တို့ဖြင့်  မြစ်ကြီးနား၊ စစ်တွေနှင့် သံတွဲမြို့များသို့ပို့ဆောင်ပေးသည်။

ထိုသို့ပို့ဆောင်ပေးရာတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးပုံး အကြီး ၁ လုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ Sinovac ကိုဗစ်ရောဂါ ကာကွယ်ဆေးပုံးအသေး ၁ လုံး၊ ဆေး လုံးအရေအတွက် ၁၅၇၃ လုံး၊ ဆေးထိုးအပ် ၇ ဖာ၊ အပ်အရေအတွက် ၂၀၇၄၆ ချောင်းတို့အားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေးပုံးအကြီး ၃ လုံး၊ ဆေးလုံးအရေအတွက် ၂၆၄၀၀ လုံး၊ Sinovac ကိုဗစ်ရောဂါ ကာကွယ်ဆေးပုံးအသေး ၁ လုံး၊ ဆေးလုံးအရေအတွက် ၇၁၈ လုံး၊ ဆေးထိုးအပ်ဖာ ၁၇ ဖာ၊ အပ်အရေအတွက် ၅၄၂၃၆ ချောင်းတို့အားလည်းကောင်း၊ သံတွဲမြို့သို့ Sinopharm ကိုဗစ်ရောဂါ ကာကွယ်ဆေး ပုံးအကြီး ၁ လုံး၊ ဆေး လုံးအရေအတွက် ၈၈၀၀ လုံး၊ Sinovac ကိုဗစ်ရောဂါကာကွယ်ဆေး ပုံးအသေး ၁ လုံး၊ ဆေးလုံးအရေအတွက် ၁၃၂ လုံး၊ ဆေးထိုးအပ်ဖာ ၆ ဖာ၊ အပ်အရေအတွက် ၁၇၈၆၄ ချောင်းတို့အားလည်းကောင်း အသီးသီးပို့ဆောင်ပေးခဲ့ရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြကြောင်းနှင့် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။