ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များအား တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် သို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ဆေးထိုးအပ်များအား တနင်္သာရီတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် သို့ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်

ရန်ကုန် ဇူလှိုင် ၂၉
    
လက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျှက်ရှိပြီး ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို တပ်မတော် ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍အင်တိုက်အားတိုက် ဆောင်ရွက်ပေး လျှက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ တိုးချဲ့ကာကွယ်ဆေး ဆေးသိုလှောင်အအေးခန်းတွင် ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinoparm များနှင့် ဆေးထိုးအပ်များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် တနင်္သာရီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်သို့ ပို့ဆောင်ပေးသည်။
    
ထိုသို့ပို့ဆောင်ပေးရာတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု၊ မြိတ်မြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု၊ ကော့သောင်းမြို့သို့ ကိုဗစ်ကာကွယ်ဆေး ဖော့ပုံး ၉ ပုံး၊ အလုံးအရေအတွက် ၃၅၀၀ လုံး၊ ဆေးထိုးအပ် ၃ ဖာ၊ အပ်အရေအတွက် ၇၀၀၀ ခုနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဟဲဟိုးမြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၃ ပုံး၊ ဆေးလုံးအရေအတွက် ၂၆၄၀၀ လုံး၊ ဆေးထိုးအပ် ၁၇ ဖာ၊ အပ်အရေအတွက် ၅၂၈၀၀ ခု၊ ကျိုင်းတုံမြို့သို့ ကိုဗစ်ကာကွယ် ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု၊ လားရှိုးမြို့သို့ ကိုဗစ်ကာကွယ်ဆေး ပုံးအကြီး ၁ ပုံး၊ ဆေးလုံးအရေအတွက် ၈၈၀၀ လုံး၊ ဆေးထိုးအပ် ၆ ဖာ၊ အပ်အရေအတွက် ၁၇၆၀၀ ခု တို့အား ပို့ဆောင်ပေးခဲ့ရာ  သက်ဆိုင်ရာ တိုငျးဒသေကွီးနှင့ျ ပွညျနယျမြားအလိုကျ တာဝနျရှိသူမြားက လကျခံရယူခဲ့ကွကွောငျးနှင့ျ ဆကျလကျဖွန့ျဝသှေားမညျဖွဈကွောငျး သတငျးရရှိသညျ။

 

ထိုသို့ကာကွယ်ဆေးများကို တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးမှုအခြေအနေ၊  ကာကွယ်ဆေးဖြန့်ဖြူးပေးမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ စကားသံများကိုယခုလိုကြားသိခဲ့ရပါသည်-

ဒီနေ့မှာဆိုရင်  ကျွန်တော်တို့ ့၈ လေယာဉ်အုပ်အနေနဲ့ လေယာဉ်နှစ်စင်းနဲ့ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေကိုသွားရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ပို့ဆောင်ပေးရမယ့် ဒေသတွေကတော့ ကျိုင်းတုံ၊ ဟဲဟိုး၊မန္တလေး၊ အောက်ဘက်ပိုင်းဆိုရင် ရန်ကုန်၊ ထားဝယ်၊  မြိတ်နှင့် ဘုတ်ပြင်းတို့ကို  ကိုဗစ်ကာကွယ်ဆေးပထမနေ့အဖြစ် သွားရောက်ပို့ဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်(လေ)အနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလကစပြီး ယနေ့ထိ လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းများ၊  ဆေးဝါးများ၊ အောက်ဆီဂျင်အိုးများကို  မြန်မာနိုင်ငံ သက်ဆိုင်ရာတိုင်းဒေသကြီးများကို လိုအပ် ရင်လိုအပ်သလို တပ်မတော်လေယာဉ်များ ဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ပေး လျက်ရှိပါတယ်  ဟု ဗိုလ်မှူးမျိုးမင်းကိုကိုက ပြောသည်။ 

ဆေးတွေကတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံက လှူဒါန်းထားတဲ့  Sinopharm   ကာကွယ်ဆေးက နှစ်သန်း၊ ပထမဆုံးအကြိမ် အနေဖြင့်  ှငညသလခေ ကာကွယ်ဆေးက တစ်သန်းပေါ့။ အဲဒါက ၂၂၊ ၂၃၊ ၂၄ ရက် သုံးရက်မှာ ရောက်ရှိခဲ့တာပေါ့။ ရောက် ရှိခဲ့တဲ့အချိန်ကနေစပြီး  ကျွန်မတို့က ရရှိ လာတဲ့ဆေးတွေကို ကာကွယ်ဆေးသိုလှောင် တဲ့အခန်းမှာသိုလှောင်ပြီး တိုင်းနဲ့ပြည်နယ် အကုန်လုံးကို ဖြန့်ဖြူးပေးမှာပါ။ ဆေးတွေကို ၂၆ ရက်နေ့ကစပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကစပြီး ဖြန့်ဖြူးပေးပါတယ်။ ဒီနေ့ကတော့ ရှမ်းပြည်နယ်(တောင်ပိုင်း) မှာရှိတဲ့ ဟဲဟိုး၊ တောင်ကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှာရှိတဲ့ လားရှိုး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာရှိတဲ့  ကျိုင်းတုံတို့ကိုဖြန့်ဖြူး မှာဖြစ်ပါတယ်။ တပ်မတော်လေယာဉ်နဲ့ 
ကျွန်မတို့သွားပြီး ဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ 

ဒီဒေသတွေမှာရှိတဲ့လူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းအတွက်ဆိုရင်  Dose က နှစ်သိန်းငါးသောင်းခြောက်ထောင်၊ ပဲခူးတိုင်းအတွက်ဆိုရင် တစ်သိန်းငါးသောင်းခြောက်ထောင်၊ ချင်းပြည်နယ်ဆိုရင် တစ်သောင်းခြောက်ထောင်၊ ကချင်ပြည်နယ်ဆိုရင် လေးသောင်းခုနစ်ထောင်၊ ကယားပြည်နယ်ဆိုရင် ခုနစ်ထောင်၊ ကရင် ပြည်နယ်ဆိုရင် ငါးသောင်းငါးထောင်၊ မကွေးတိုင်းဆိုရင် နှစ်သိန်း ၊ မန္တလေးတိုင်းဆိုရင် နှစ်သိန်းခုနစ်သောင်း၊ မွန်ပြည်နယ်ဆိုရင် ကိုးသောင်းငါးထောင်၊ နေပြည်တော်ဆိုရင်သုံးသိန်းရှစ်သောင်း၊   ရခိုင်မှာဆိုရင် ခြောက်သိန်းလေးသောင်းကျော်၊ စစ်ကိုင်းမှာဆိုရင် နှစ်သိန်းသုံးသောင်းငါးထောင်၊ ရှမ်းပြည်နယ်မှာဆိုရင်    တောင်ကြီးအနေနဲ့က ရှစ်သောင်း၊ လားရှိုးအနေနဲ့က ခြောက်သောင်းရှစ်ထောင်၊ ကျိုင်းတုံအနေနဲ့ကသုံးသောင်းနှစ်ထောင်၊တနင်္သာရီဆိုရင် မြိတ်အတွက်က တစ်သောင်းလေးထောင်၊ ကော့သောင်းက ခုနစ်ထောင်၊ ထားဝယ်က တစ်သောင်းကိုးထောင်၊ ရန်ကုန်တိုင်းအနေနဲ့ကတော့ ကာကွယ်ဆေးသုံးသိန်းကို ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုအနေနဲ့ကတော့ မန္တလေးမှာဆိုရင် မနေ့ကတည်းကစထိုးတယ်။  

 နေပြည်တော်မှာဆိုရင်လည်း  ှငညသစ့မော တွေကို စတင်ပြီးထိုးနှံနေတာကိုတွေ့ရပါတယ်။ တိုင်းနှင့်   ပြည်နယ်အကုန်လုံးကိုလည်း ဆေးတွေရောက်တာနဲ့  စပြီးထိုးနှံသွားမှာဖြစ်ပါတယ်။    ခုချိန်မှာ ကာကွယ်ဆေးက အရမ်းအရေးကြီးပါတယ်။ ကိုဗစ်ကာလလည်း ဖြစ်နေတဲ့အခါကျတော့ ပြည်သူလူထုလည်း ကူးစက်မှုတွေရှိတဲ့အတွက် ကာကွယ်ဆေးကို အမြန်ဆုံးဖြန့်ဖြူးပြီးတော့  အမြန်ဆုံးထိုးနှံပေးဖို့  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ်။ ှငညသစ့မော ကတော့ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးသွားရင် သုံးပတ်ကနေ လေးပတ်အတွင်း ဒုတိယအကြိမ်  ကာကွယ်ဆေးကို   နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပါတယ်။  ပထမအကြိမ်နဲ့ ဒုတိယအကြိမ်အကွာအဝေးကတော့ သုံးပတ်ကနေ  လေးပတ်ဖြစ်ပါတယ်။ ထို့အတူ  ှငညသလခေ ကာကွယ်ဆေးကို အကျဉ်းထောင်မှာရှိတဲ့   အကျဉ်းသား/အကျဉ်းသူတွေကိုလည်း တစ်ခါတည်းထိုးပေးသွားမှာဖြစ်ပါတယ်။

အဲ့ဒီဟာကတော့ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးနှစ်ပတ်အတွင်းမှာ  ဒုတိယအကြိမ်ပြန်ပြီး ထိုးနှံသွားမှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးတယ်ဆိုတာက ၁၀၀ ရာခိုင်နှုန်းတော့မဟုတ်ဘူးပေါ့။   ထိုးထားတဲ့သူနဲ့ မထိုးထားတဲ့သူနဲ့ ယှဉ်မယ်ဆိုရင်တော့    ကူးစက်မှုနှုန်းက ကာကွယ်ဆေးအမျိုးအစားအလိုက်  ၇၀/၈၀ ရာခိုင်နှုန်းကျော်ရှိတယ်။  ဒါမျိုးတွေ ကာကွယ်နိုင်တဲ့အပြင် ကာကွယ်ဆေးထိုးထား ခြင်းအားဖြင့် မိမိကိုယ်တိုင်ကာကွယ်နိုင်တဲ့ အပြင် မိမိကတစ်ဆင့် မိမိ မိသားစုတွေ၊ မိမိ သူငယ်ချင်းအပေါင်းအသင်းတွေ  ဒီလိုပေါ့ အရေးအကြီးဆုံးက  မိမိ မိသားစုတွေကို ကူးစက်နိုင်မှုကနေ အများကြီးကာကွယ်မှုတွေ တွေ့ရပါတယ်။ ကာကွယ်ဆေးတွေကို  ယုံယုံကြည်ကြည်နဲ့ ထိုးနှံဖို့မေတ္တာရပ်ခံပါတယ်}}ဟု ဒေါက်တာအေးမွန်မွန်ကျော်(ဒုတိယညွှန်ကြားရေးမှူး၊  ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှူး)ကပြောသည်။