ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ခဲ့ သည့် ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသားအရာရှိများအား ဂုဏ်ပြုချီးမြှင့်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ခဲ့ သည့် ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသားအရာရှိများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၁၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများနှင့် စောင့်ကြပ်ကြည့်ရှုရေးစင်တာများ ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါစင်တာများ၌ ကျန်းမာရေးဝန်ထမ်းများ လိုအပ်လျက်ရှိသဖြင့် ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်း သားအရာရှိများက လာရောက်ပြီး ယာယီဆေးအကာကွယ်ပေးတာဝန်များကို ကူညီ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကူညီဆောင်ရွက်ပေးခဲ့သည့် ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသား အရာရှိများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့န့နက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာ နချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူ များ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက သင်တန်းသားအရာရှိများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် ရာ သင်တန်းသားအရာရှိများကိုယ်စား သင်တန်းသားအရာရှိ ၁ ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။