ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အလှူငွေများနှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၉    

    ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက် လှူဒါန်းလျက်ရှိသည်။
    

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ရုံးရှိ ဆမား  ဒူဝါဆင်ဝါးနော်ခန်းမ၌ အလှူရှင်များဖြစ်ကြသည့် မြစ်ကြီးနားမြို့၊ အခြေစိုက် ချန်းရှိချင်းယန့် ကုမ္ပဏီလီမိတက်မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၀၀ လုံး အားလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌  အလှူရှင် များဖြစ်ကြသည့် ပန်းဆေးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ အလှူငွေကျပ် သိန်းပေါင်း ၁၄၀၀ ကျပ်နှင့် MES Star Mask ၇ သိန်းခု၊ နမ့်ခမ်းမြို့မပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ၄၀ လီတာ အောက်ဆီဂျင်အိုး ၅၅ လုံး၊  Oxygen Regulator  ၅၅ ခု၊ PPE ဝတ်စုံ ၆၀၀ စုံ၊ ပါရာစီတမော့နှင့် JDS- Amoxiclav ဆေး ၅၃၀ ဘူး၊ လားရှိုးမြို့ရှိ Galaxy Star ကုမ္ပဏီလီမိတက်နှင့် စိတ္တသုခ ပရဟိတလူမှုကူညီရေးအသင်းတို့မှ ၄၀ လီတာ အောက်ဆီဂျင်အိုး ၄၀ လုံး၊ Oxygen Regulator  ၄၀ ခု၊ PPE ဝတ်စုံ ၆၂ စုံ၊ Mask ၆၀၀၀၀ ခု၊ လားရှိုးမြို့ရှိ Myanmar Xinguang Medical Gas Company Limited မှ Test Kit ၄၀ စုံ၊ Oxygen Concentrator ၂ လုံး၊ PPE ဝတ်စုံ ၅၀ စုံ၊ Mask ၃၀၀၀၀ ခု၊ ငွေကျပ် ၃၅ သိန်း၊ လားရှိုးမြို့ရှိ  Myanmar Hong Xing Energy Company Limited မှ Test Kit ၄၀ စုံ၊ Oxygen Concentrator ၂ လုံး၊ PPE ဝတ်စုံ ၅၀ စုံ၊ Mask ၃၀၀၀၀ ခု၊ ငွေကျပ် ၃၅ သိန်း၊ မူဆယ်မြို့၊ စိန်ရတနာဟိုတယ်မိသားစုမှ ၄၀ လီတာ အောက်ဆီဂျင်အိုး ၅ လုံး၊ Oxygen Regulator  ၅ ခု၊ Oxygen ပိုက် ၅၀၀ ခု၊ ရန်ကုန်မြို့ရှိ မြန်မာအထွဋ်အထိပ် သတ္ထုတွင်းလုပ်ငန်း ကုမ္ပဏီလီမိတက်မှ Oxygen Concentrator ၉ လုံး၊ ကြူကုတ်- ပန်ဆိုင်းမြို့ရှိ ဖုန်ထိန်စီဟိုင်းကုမ္ပဏီမှ Oxygen Concentrator ၂ လုံး၊ Mask ၃၀၀၀၀ ခု၊ N- 94 ပိုးသတ်ဆေး ၅ ပုံး၊ အရက်ပြန် ၅ ပုံး၊ အားဗားရှိုင်းလားရှိုးကုမ္ပဏီမှ အလှူငွေကျပ် ၆၀ သိန်း၊ လားရှိုးမြို့ရှိအောင်ဆေးရုံ မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းတို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ စေတနာရှင် အလှူရှင် များက အလှူငွေကျပ်သိန်းပေါင်း ၆၅၄၈၅၇၀၀၀ ကျပ်၊ Oxygen Concentrator ၁၇ လုံးနှင့် Test Kit ၂၀၀၀ ခုတို့အားလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းကြရာ  သက်ဆိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  ဝန်ကြီးချုပ်များ၊ တိုင်းမှူးများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ကျေးဇူးတင် စကားများပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။