ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက် အကူပြုပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက် အကူပြုပစ္စည်း များနှင့် အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယနေ့တွင် တာချီလိတ်မြို့မှ စေတနာရှင်အလှူရှင်များက တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ မဲခေါင်ရိပ်သာခန်းမ၌ ငွေကျပ် ၁၀၄ သိန်းတန်ဖိုးရှိ Oxygen Concentrator စက် ၈ လုံး၊ ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ Mask ၁၀၀၀၀ ခု၊ ငွေကျပ် ၁၁၀ သိန်းတန်ဖိုးရှိ ဆန်အိတ် ၃၀၀ အိတ်၊ ငွေကျပ် ၃၄ သိန်းတန်ဖိုးရှိ ဆီပုံး ၁၁၀ ပုံးနှင့် အလှူငွေကျပ်သိန်း ၂၀၀ တို့အား လာရောက်လှူဒါန်းကြရာ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားများပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။