ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၄    
    
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ စေတနာရှင်အလှူရှင်များက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၌ ငွေကျပ်သိန်းပေါင်း ၁၂၉၇၀ ကျပ်တိတိအား လာရောက်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး တို့ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။