ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၃၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ စေတနာရှင် အလှူရှင်များက ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေ များကို ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဦးတင်မြင့်နှင့်ဇနီး ဒေါ်တင်ငွေ မိသားစုက အောက်ဆီဂျင်အိုး ၅၀ လုံး၊ Oxygen Flow  Meter ၂၅ ခု နှင့် Mask ၃၀၀၀၀ ခု တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာ့အားမာန်စီးပွားရေး လုပ်ငန်းရှင်များအသင်း၏ နာယက ဦးတင်မောင် နှင့် ဇနီး ဒေါ်စီစီမိုး (Xie  Family  Co,Ltd) က ငွေကျပ် သိန်း ၁၂၀၀ တန်ဖိုးရှိ Oxygen Generation System ၁ လုံး၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ် (YMBA)  ဗဟိုဉက္ကဋ္ဌ ဦးရဲထွန်းနှင့် ဇနီး ဒေါ်မို့မို့အေးကျော် မိသားစုက လူနာတင်ယာဉ် ၁ စီး၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်က ငွေကျပ်သိန်း ၄၆၀ တန်ဖိုးရှိ Medical Oxygen Concentrator ၂၀ လုံးနှင့် Medical  Ventilator ၅ လုံး၊ Esperado  Lake  View  Hotel မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကောင်းမြတ်ဇော် က ငွေကျပ်သိန်း ၃၀၀၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)က ငွေကျပ်သိန်း ၂၅၀  တန်ဖိုးရှိ Liquid Oxygen ၂၅ တန်၊ ဦးသက်မျိုးနှင့် ဇနီး ဒေါ်မိုးသီတာဇော် (မိုးရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီမိသားစု)နှင့် ဒေါက်တာ စည်သူဝင်း (Future  Bright Co.Ltd) က ငွေကျပ် ၂၁၅ သိန်းတန်ဖိုးရှိ  Liquid Oxygen Tank 499 L (1) unit နှင့် Air Hearted Vaparizer (1) unit ၊ လှိုင်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ့အားမာန်စီးပွားရေးလုပ်ငန်းရှင် များအသင်းက အလှူငွေ ကျပ်သိန်း  ၁၀၀ ၊ Royal Home Pro Co,Ltd မှ မန်နေဂျင်းဒါရိုက်တာ  ဦးအောင်ဘိုဦး က ငွေကျပ်သိန်း ၁၀၀ ၊ Great  Calio  Construction  Company  Limited မှ ဉက္ကဋ္ဌ  ဦးအောင်ထွေးက ငွေကျပ် သိန်း ၁၀၀ ၊ ဦးမောင်မောင်တင် မိသားစုက ငွေကျပ် သိန်း ၁၀၀ ၊ ကွယ်လွန်သူ ဦးရာမေ့စ် အား ရည်စူး၍ မိခင် ဒေါ်နီတာ အား အမှူးထားကာ ကိုနီတေ့ရ် (သူရိယဒီပ ကုမ္ပဏီ)က ငွေကျပ် ၃၂၅၀၀၀ တန်ဖိုးရှိ အဝတ်အခြောက်ခံစက် ၁ လုံး၊ တော်ဝင်ချမ်းသာ ကုမ္ပဏီမိသားစုမှ (MD) သုဓမ္မမဏိဇောတဓရ ဦးဌေးဦး (ရန်ကုန်တိုင်းဒေသကြီး YMBA အသင်း အလုပ်အမှုဆောင်)က ငွေကျပ် ၃၂၅၀၀၀ တန်ဖိုးရှိ အဝတ်လျှော်စက် ၁ လုံး၊ ဦးအောင်ဖြိုးလင်း (Ceberge Co.Ltd)က ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Flow Meterနှင့် ပိုက် ၁၀ စုံ၊ အနောက်ပိုင်းခရိုင် YMBA အသင်း ဉက္ကဋ္ဌ ဦးစန်းဝေ က ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Flow Meterနှင့် ပိုက် ၁၀ စုံ၊ ရန်ကုန်တိုင်းဒေသကြီး YMBA အသင်းက ငွေကျပ် ၂၅၀၀၀၀ တန်ဖိုးရှိ Flow Meter နှင့် ပိုက် ၁၀ စုံတို့ကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင် အလှူရှင်များအနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးနှင့် မြို့နယ်များတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြကန်သာရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံ၊ ပန်းတနော်မြို့ရှိ အောင်သပြေကုမ္ပဏီ မိသားစုမှ လှူဒါန်းသည့် အောက်ဆီဂျင်စက်ရုံနှင့်  အိမ်မဲမြို့တို့ရှိ အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုများနှင့် ငပုတောမြို့၌ အောက်ဆီဂျင် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေသည့် အခြေအနေများကို  တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။