ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူရှင်များက အလှူငွေများ လှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူရှင်များက အလှူငွေများ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၇

  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် စေတနာရှင် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။

  ထိုသို့လှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယနေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့ နယ်၊ ပလောက်မြို့ရှိ နယ်မြေခံ သင်တန်းကျောင်းသို့ ပလောက်မြို့မှ ဒေသခံအလှူရှင် တစ်ဦးက Oxygen Concentrator ၁ လုံး၊ အောက်ဆီဂျင် ၄၀ လီတာဝင် ၁ လုံး၊ Flow Meter ၁ လုံး၊ PPE ဝတ်စုံ ၂၀ စုံတို့ကို လာရောက်ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် သည်။

  ထို့ပြင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်ကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက အောက်ဆီဂျင်စက်ရုံများကို တည်ဆောက် လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၁၆ ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ အောက်ဆီဂျင်ထုတ်လုပ် သည့်စက်ရောက်ရှိတပ်ဆင်နေမှုကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးပေးနေမှုတို့ကိုလည်ကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။