ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ် - ၆

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိ သူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင် များသည် လားရှိုးမြို့၊ နားဖကျေးရွာရှိ ဦးဇုန်းခေါ ၏ ဘက်သနီ ဉစားကြက် မွေးမြူရေးခြံ၊ လွယ်လွမ့်ကျေးရွာရှိ မြန်မာရွှေဧရာ ပြောင်းအခြောက်ခံစက်ရုံနှင့် လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်၌ စိုက်ပျိုးထားသော ဒေသခံပြည်သူ များ၏ စိုက်ပျိုးမွေးမြူရေးခြံများသို့လည်းကောင်း သွားရောက်၍ ဉစားကြက်မွေးမြူရေး လုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ DYL ဝက်မွေးမြူရေးလုပ်ငန်း၊ ငါး မွေးမြူရေးလုပ်ငန်း၊ ပြောင်းစိုက်ပျိုးရေးလုပ်ငန်း၊ အစေ့ထုတ်ပြောင်း ထုတ်လုပ် ခြင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့်အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ ပုဂ္ဂလိကဆေးရုံများ၊ ဆေးကုမ္ပဏီများ၊ ဆေးအရောင်းဆိုင်ပိုင်ရှင်များအား မုံရွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများအား ဆေးရုံကြီးရှိ သလ္လာ ရတနာခန်းမ၌လည်းကောင်း သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူ များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။