ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၅

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများသည် မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာရှိ ပုဂ္ဂလိကပိုင် ငါးသား ဖောက်လုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် ညောင်နှစ်ပင် စိုက်ကွင်း၌ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှုတို့အား လည်း ကောင်း၊ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့ နယ်မြေခံတပ်ရင်းရှိ ကြက်မွေးမြူ ရေးလုပ်ငန်းနှင့် ဝက်မွေးမြူရေးလုပ်ငန်းများအားလည်းကောင်း အသီးသီးသွားရောက် ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချရန်အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စိုက်ခင်းများမှသီးနှံများအား နယ်မြေခံတပ်မတော်သား များက ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့ရှိ ဒေသခံတောင်သူများ၏ စိုက်ခင်းများမှ သီးနှံများအား ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက သွားရောက်ဝယ်ယူအားပေးခဲ့ပြီး အဆိုပါ ဝယ်ယူခဲ့သည့်သီးနှံများအား ကိုဗစ်စင်တာများသို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။