ကုန်းကြမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ - ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ညံခွမ်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့အရောက်၌ မုံးစီးကျေးရွာဘက်မှ ညံခွမ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့်ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ၎င်းဆိုင်ကယ်ပေါ်မှ အထုပ် တစ်ထုပ်ပြုတ်ကျခဲ့သဖြင့် ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူမှုန့်များထည့် ထားသည့် ဆပ်ပြာခွက် ၁၁ ခွက်၊ ၁၁၀ ဂရမ်ခန့် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆ သိန်းကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လောက်ကိုင်မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။