ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

နေပြည်တော် အောက်တိုဘာ ၂၃
ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဆာဂါ (Sagar) ကျွန်းနှင့် ခီပူပါရာ (Khepupara) မြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) သည် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ် ရောက်ရှိခဲ့ပြီး မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့ သွားမည်ဟု ခန့်မှန်းရသည်။
အဆိုပါကုန်တွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက ်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန် ရံခါမိုး သက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။ လှိုင်အမြင့်မှာ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်သည်။