ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်လှူဒါန်း

ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်လှူဒါန်း

 
နေပြည်တော်၊ ဩဂုတ်- ၁၅

 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ပေးအပ်လျက်ရှိသည်။

 
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများအား လည်း ကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ပြည်သူ့ဆေးရုံနှင့် အဆိုပါဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ် ၅ သိန်း၊ Oxygen Concentrator ၂ လုံး၊ PPE ဝတ်စုံ ၃၀၀ စုံ၊ Goggies ၅၀ ခု၊ Surgical Mask ၂၅၀၀ ခုနှင့် တပ်မတော် စက်ရုံများမှထုတ်လုပ်သည့် စားသောက်ဖွယ်ရာများနှင့် ကျိုက်လတ်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၁၈၀ စုတို့အတွက် ဆန်အိတ်များအား လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ ပြည်သူ အိမ်ထောင်စု ၁၂၀ စုတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ် ဌနာချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင် များက အသီးသီးထောက်ပံ့ ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။