ကျန်းမာရေးဝန်ထမ်းများနှင့် Volunteerများအား ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

ကျန်းမာရေးဝန်ထမ်းများနှင့် Volunteerများအား ကျန်းမာရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၁၄

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်တို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်း များတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အဆိုပါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးများ၌ သွားရောက်တွေ့ဆုံ၌ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွွယ်ရာများကို ထောက်ပံ့လှူဒါန်းကြရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၊ ပြည်သူ့ဆေးရုံသို့ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများက အာဟာရဖြည့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။