ကျန်းမာရေးဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျန်းမာရေးဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ်- ၁

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer လူမှုအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် စေတနာရှင်အလှူရှင်များ၊ သက်ဆိုင်ရာတိုင်းစစ် ဌာနချုပ်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၊ အိုင်သပြုနှင့် လပွတ္တာမြို့များရှိ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ လူနာများနှင့် ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ တဲကြီးကုန်းရပ်နှင့် တောင်ယာ ကုန်းကျေးရွာများနေ ပြည်သူ အိမ်ထောင်စု ၅၅ စုတို့အတွက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆန်နှင့် စားသောက်ဖွယ်ရာ များအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ အမ်းမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့၊ မင်းပြားမြို့၊ တောင်ကုတ်မြို့၊ သံတွဲမြို့နှင့် ဂွမြို့များရှိ စစ်မှုထမ်းဟောင်းမိသားစုဝင်များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်များက စားသောက်ဖွယ်ရာများအား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက် နေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက် ဖွယ်ရာများအားလည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။